IRAATROMWPWMC(33)

3.2K 546 36
                                    

[Unicode]

ဝေ့ကျန်ရှန်နဲ့လုမင်ရှီတို့ ဒီနေ့ပုံမှန်မဟုတ်ဘူးလို့ကုရိရှင်းခံစားလိုက်ရသည်။ မနက်တုန်းကလည်းလုမင်ရှီကသူ့သွားတိုက်တံကိုအသင့်ပြင်ပေးသွားပြီးထွက်ပြေးသွားသည်။ ထို့နောက်လေ့ကျင့်ခန်းလုပ်မည်ဟုပြောကာသူ့နောက်လိုက်လာခဲ့ပြန်သည်။ တကယ်ကိုပုံမှန်ဟုတ်မနေဘူး။ ထို့အပြင် လုမင်ရှီကသူ့ကိုတနေ့လုံးထိုင်ကြည့်နေခဲ့ပြန်သည်။

ဝေ့ကျန်ရှန်အတွက် ဒီနေ့ကပိုတောင်ထူးဆန်းနေသေးတယ်။ မနေ့က ဥက္ကဌဝေ့သည် တစ်မိုးအောက်တစ်ယောက် မူလGongဇာတ်လိုက် မိုးကျရွှေကိုယ်၊ အံ့သြစရာကောင်းပြီးပင်ကိုယ်စွမ်းရည်အပြည့်နဲ့ဖြားယောင်းတဲ့နေရာမှာနံပါတ်၁ချိတ်သူသည် ဒီနေ့တွင်မှသူနဲ့မတူပဲစိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။ ကုရိရှင်းဘာပြောပြော သူ့မှာရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတော့ရှိမှာပဲ။

ဒါကပြသနာကိုဖြေရှင်းဖို့ အထိရောက်ဆုံးနည်းလမ်းပဲ။

ဝေ့ကျန်ရှန်က ၁၄၀၆ကြိမ်မြောက်ဖြစ်တဲ့အထိ ဒိုက်ထိုးနေခဲ့သည်။ တကယ်လို့ ကုရိရှင်းကသူ့ကိုရပ်ဖို့ပြောခဲ့မယ်ဆိုရင်တောင် သူကြားနိုင်မှာမဟုတ်ဘူး။ သူအခုလေးတင်မြင်လိုက်ရတဲ့အရာကို ခေါင်းထဲမှာပဲ့တင်ထပ်မြင်နေတုန်းဖြစ်သည်။ သူပြောနိုင်တာက ဒါကအရမ်းကို...အံ့သြဖို့ကောင်းတယ်။

မူလဝတ္ထု၏Gongဇာတ်လိုက်ဖြစ်သူဝေ့ကျန်ရှန်သည် အမေဖြစ်သူ၏ဖူးဖူးမှုတ်ချစ်ခြင်းခံရသူဖြစ်သည်။ သူကလေးဘဝကတည်းက ဘယ်သူ့ကိုမှမကြောက်ခဲ့ဘူး။ အာရှတိုက်သားဖြစ်တဲ့အလျောက် သူ့မှာGongတစ်ယောက်မှာရှိသင့်တဲ့စံချိန်မှီအရွယ် ၁၈စင်တီမီတာကိုဂုဏ်ယူဖွယ်ပိုင်ဆိုင်ထားသေးသည်။

သိတဲ့အတိုင်း မူလဝတ္ထုထဲမှာပါတဲ့Gong ၃ယောက်ထဲက အကြီးဆုံးနဲ့အင်အားအပြည့်အဖြစ်ဆုံးဟိုင်ချီသည်ပင် ၁၆စင်တီမီတာသာရှိသည်။ ထိုGong ၃ယောက်ထဲတွင် တခြားနှစ်ယောက်နှင့်အတူအနည်းဆုံးတစ်ခေါက်လောက်တော့ ရေချိူးခန်းထဲဝင်ဖူးချင်သည်။ လုမင်ရှီရဲ့အသွင်က အံ့သြစရာအကောင်းဆုံးနဲ့ အလှဆုံးအဖြည့်ခံဖြစ်သည်။ ဒါကြောင့် သူ့အရွယ်အစားကိုခန့်မှန်းရရင် ၁၆နဲ့၁၈ကြားမှာရှိလိမ့်မည်။ သီအိုရီအရ ပုံမှန်မျက်လုံးထဲတွင် ၁၆နဲ့၁၈ကြားအရွယ်သည် ဘယ်လောက်မှမကွာခြားသော်လည်း ဒါကဝတ္ထုထဲတွင်ဖြစ်နေလေရာ ကွာခြားမှုကြီးမားလေသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now