IRAATROMWPWMC(5)

7K 1.1K 13
                                    

[Unicode]

လုမင်ရှီရဲ့လူတွေက မြို့ထဲကရှိသမျှ clubတွေအကုန်လိုက်ရှာခဲ့တယ်။

နောက်ဆုံးတော့ သူတို့ကကုရိရှင်းအလုပ်လုပ်နေတဲ့clubကိုရောက်လာခဲ့သည်။ ဘာလို့ သူတို့ရှာတွေ့တာ ဒီလောက်နောက်ကျတာလဲ?

ဘာလို့လဲဆိုတော့ ဒီnightclubက လူစိတ်ဝင်စားအောင်လုပ်ထားတဲ့အပြင်အဆင်လဲမရှိ၊ အဆောက်အဦးကလည်း ဟောင်းနေပြီး သန့်သန့်ရှင်းရှင်းလဲဟုတ်မနေဘူး။

ဒီနေရာမျိူးက လုမိသားစုသိခဲ့ရင်တောင် လာချင်မယ့်နေရာမျိူးမဟုတ်ဘူး။

သို့သော်လည်း သူတို့အားလုံးကယုန်သူငယ်ကုရိရှင်းကို ရှာဖွေရန်တာဝန်ရှိနေပြီး လုမင်ရှီလွှတ်လိုက်တဲ့လူတွေက သူ့ရဲ့ပုံပန်းသွင်ပြင်နဲ့တူတဲ့လူရှိမရှိကိုအတည်ပြုရဦးမည်။

ကိုယ်ရံတော်Aက ကလပ်ရဲ့တံခါးနားမှာမတ်တပ်ရပ်နေပြီး အပြင်အဆင်တွေကို သတိလက်လွတ်လိုက်ကြည့်နေတယ်။ ကိုယ်ရံတော်B ကခေါင်းဆောင်ဖြစ်သူ ကိုယ်ရံတော်Aကိုသတိပေးလိုက်တယ်။ အဲ့ကျမှ Aကအူကြောင်ကြောင်မတ်တပ်ရပ်နေမိတာကို သတိရသွားပြီး လေးနက်တဲ့အသံနဲ့အထဲဝင်ပြီးရှာဖို့ပြောလိုက်တယ်။

ဒီနေ့တော့ ကုရိရှင်းတစ်ယောက် အပေါက်ဝမှာမတ်တပ်ရပ်မနေခဲ့ဘူး။

clubပိုင်ရှင်ကအရေးကြီးကိစ္စရှိတဲ့ပုံစံနဲ့ အလျင်အမြန်ပြေးထွက်သွားခဲ့ပြီး ဒီနေ့ဧည့်သည်လာတာနည်းမှာဖြစ်တဲ့အတွက် ထိပ်ဆုံးကသီးသန့်ခန်းကိုသွားဖို့ပြောခဲ့တယ်။

ကုရိရှင်းက သူ့တွင်တစ်စုံတစ်ရာမှဆုံးရှုံးစရာမရှိဘူးလို့စဉ်းစားမိခဲ့တဲ့အတွက် သူ့ခြေထောက်တွေကို ထိုအခန်းဆီသို့ ဦးတည်လိုက်တယ်။

ဒါကသိပ်လဲအဆိုးကြီးတော့မဟုတ်ပါဘူး။
ဒီလိုနဲ့ သူကLouis XIII ၂၈ပုလင်းကို တစ်ညလုံးထိုင်သောက်ခဲ့လေသည်။ ၈၀၀၀၀ပြုတ်သွားလေပြီ။

ကုရိရှင်းကပိုက်ဆံရှာရတာလွယ်ပါတယ်ဆိုပြီးတောင်ထင်လိုက်မိတယ်။

အဲ့ဒီအချိန်မှာ ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ဟန်ရှိတဲ့လူက သူ့အနားကလူတွေကိုလိုက်ကြည့်နေတာကိုတွေ့လိုက်တယ်။ ထိုလူရဲ့ဘေးမှာ သွားထိုင်လိုက်ပြီး နှစ်ယောက်လုံးအရက်ကို အရသာခံ ဆက်သောက်နေခဲ့ပေမယ့် ထိုလူရဲ့လက်တွေကသူ့တစ်ကိုယ်လုံးကိုလိုက်ထိနေလေသည်။ ဟုတ်ပါတယ်! အဲ့လိုဆိုရင်တောင် သူ့အသားပဲ့ပါသွားတာမှမဟုတ်တာ။ ထို့ကြောင့်လဲ ကုရိရှင်းကအပြုံးမပျက်ပဲ လင်းရှောင်ရဲ့လက်တွေကို သူ့ခန္ဓာကိုယ်ပေါ်မှာ ဆော့ကစားခွင့်ပြုထားလိုက်တယ်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now