IRAATROMWPWMC(32)

3.2K 540 31
                                    

[Unicode]

အန်းရှောင်ဖုန်းချက်ချင်းဝင်လာခဲ့သည်။

လုမင်ရှီခေါင်းအတော်ကိုက်နေပြီဖြစ်သည်။ သူကစိတ်မပါစွာဖုန်းကိုင်ပြီးပြန်မဖြေမိခင် ဖုန်းနံပါတ်ကိုအချိန်အတော်ကြာအောင်စိုက်ကြည့်နေခဲ့သည်။

အန်းရှောင်ရဲ့အသံကအရေးတကြီးဖြစ်နေပုံပေါ်သည်။
"ငါ့ရဲ့ကြီးကျယ်လှတဲ့သူဌေးက ဒီလိုအရေးကြီးကိစ္စတစ်ခုအတွက် စိတ်ပူနေပုံလဲမပေါ်ပါလား!!!"

လုမင်ရှီကပြန်မေးလိုက်သည်။
"ငါကဘာလို့အလျင်လိုရမှာလဲ?"

သူကရပ်လိုက်ပြီးဆက်ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုဒီအချိန်လေးအတွက်ပဲ ငါနဲ့အတူရှိနေဖို့လိုတာလေ။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ငါလဲအဲ့လောက်ထိမထိန်းချူ ပ်နိုင်ဘူး"

အန်းရှောင်ကဖုန်းထဲကကုန်းအော်တော့သည်။
"ဘော့စ်!! ခင်ဗျားပြောတော့ ကိုယ်ဝန်သည်တွေလိုက်နာရမယ့်စည်းမျဉ်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုအကုန်ဖတ်ပြီးသားဆို!! ခင်ဗျားတကယ်ကြီးမဖတ်ရသေးဘူးပဲ!"

လုမင်ရှီအနည်းငယ်စိတ်ပျက်သွားခဲ့ပြီး အနည်းငယ်လည်းစိတ်တိုသွားခဲ့သည်။
"ငါကဘယ်လိုလုပ်အဲ့ဒီတစ်အုပ်လုံးကိုဖတ်ဖို့ အချိန်ရှိမှာလဲ? အဲ့ဒါတစ်ခုတည်းငါစီမံခန့်ခွဲနေရတာမဟုတ်..."

"...ခင်ဗျားစာအုပ်အခုထုတ်လိုက်ပြီး စာမျက်မှာ၆၄၆ရဲ့အောက်ဘက်နားက အပိုဒ်၁၃ကိုဖတ်ကြည့်သင့်တယ်"

လုမင်ရှီကအိပ်ရာဘေး ကွယ်ထားတဲ့နေရာကနေ အုတ်ခဲနီးပါးထူတဲ့စာအုပ်ကိုထုတ်လိုက်တယ်။ ထိုစာအုပ်တွင်စာမျက်နှာစုစုပေါင်း ၄၂၇၀ပါလေသည်။

'ပါတနာကဖောက်ပြန်ခဲ့လျှင် ကိုယ်ဝန်သည်ယောကျာ်းဖြစ်သူကိုကူညီဖို့ စွမ်းအင်ထုတ်နိုင်တော့မည်မဟုတ်ပေ။'

. . .

ဒါနောက်နေတာမလား??

လုမင်ရှီရဲ့အိပ်ချိန်လေးအလျင်အမြန်ဆုံးရှုံးသွားတော့သည်။

* * *
ဒီနေ့ကုရိရှင်းပြန်လာတာအနည်းငယ်နောက်ကျခဲ့သည်။ သူအိပ်ခန်းတံခါးဖွင့်လိုက်တဲ့အချိန်သည်ပင် ၁၀နာရီနီးပါးဖြစ်နေပြီ။ မီးတွေပိတ်ထားတဲ့အတွက် ထူထဲတဲ့ကန့်လန့်ကာတွေကအခန်းကိုပိုပြီးမရှင်းမလင်းဖြစ်စေသည်။ အခန်းထောင့်ကညလင်းမီးအိမ်လေးတစ်ခုတည်းကသာ အလင်းရောင်ဖျိူးဖျဖျကိုထုတ်လွှတ်ပေးနေသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now