IRAATROMWPWMC(28)

3.5K 593 53
                                    

[Unicode]

လုမင်ရှီနဲ့ကုရိရှင်းတို့အချင်းချင်း ၃မိနစ်လောက်ကြာအောင်စိုက်ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတွင် အရာအားလုံးကပုံမှန်မဟုတ်ဘူးဆိုတာကိုသတိရသွားကြသည်။

လုမင်ရှီက အက်ကွဲနေပြီးသားအိုးတစ်အိုးကိုဆက်ဖုံးကွယ်နေဖို့မကြိုးစားတော့ပဲ အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်ခွဲလိုက်တော့သည်။

T/L: လုမင်ရှီက သူဖုံးကွယ်ထားတာကိုအရင်လိုဆက်ကွယ်ဝှက်မထားတော့ပေမယ့် ပိုဆိုးတဲ့အမှားတွေနဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်တာမျိူးပါ။

သူကကုရိရှင်းမေးခွန်းတွေမေးလာမယ့်အချိန်ကိုစိတ်ရှည်လက်ရှည်စောင့်နေခဲ့သည်။

ကုရိရှင်းက လှပတဲ့ခုံအရှည်တစ်ခုပေါ်မှာခြေထောက်တွေကိုစောင်းစောင်းလေးထားပြီးတင်ပလွှဲထိုင်နေခဲ့သည်။ လက်တစ်ဖက်ကခုံတန်းရဲ့အနောက်ကိုရောက်နေပြီး နောက်လက်တစ်ဖက်ကိုသူ့ပေါင်ပေါ်မှာတင်ထားတယ်။

လုမင်ရှီက ဒီအခြေအနေနဲ့အကျွမ်းတဝင်ရှိသည်။

အဲ့ဒါကိုဘယ်လိုကြည့်ကြည့် မှားနေပြီလို့ခံစားရမည်။ မည်သို့ပင်ဖြစ်စေ ထိုင်ခုံမှာထိုင်နေတဲ့လူက လုမင်ရှီဖြစ်သင့်သည်။

ကုရိရှင်းက ဘယ်နေရာကစမေးရမလဲလို့စဉ်းစားနေတဲ့ပုံစံနဲ့ လုမင်ကိုမော့ကြည့်လိုက်သည်။ ဒီလိုမျိူးကြီး လုမင်ရှီကိုမော့ကြည့်လိုက်တာက သူ့လည်ပင်းကိုနာကျင်စေခဲ့သည်။
[T/L: ဟိုက ပုံမှန်တောင်သူ့ထက်အရပ်ရှည်တာကို ထိုင်နေရင်းမော့ကြည့်ရဲသေးတယ် - _ -]

လုမင်ရှီရဲ့အရပ်အမြင့်အရ သူမတ်တပ်ရပ်နေတုန်း ထိုင်ပြီးကြည့်ရတာကတကယ်အဆင်မပြေဘူး။ ဒါကြောင့် ကုရိရှင်းကသူ့ဘေးမှာရှိတဲ့နေရာလွတ်မှာ လုမင်ရှီထိုင်ဖို့ အရိပ်ပြပြီးဟိုဘက်တိုးထိုင်လိုက်သည်။

လုမင်ရှီ ပို၍ပင်စိတ်ပျက်သွားခဲ့သည်။ သူတွေးခဲ့တာက သူကအလုပ်ရှင်ဖြစ်ပြီး သူ့အလုပ်သမားရဲ့စကားကိုနားထောင်ဖို့ဘာအကြောင်းမှမရှိပါ။ ကုရိရှင်းပြတဲ့နေရာမှာထိုင်လိုက်ရင် သူမျက်နှာပျက်စရာတွေဖြစ်သွားမယ်မဟုတ်လား? ထို့နောက် လုမင်ရှီကအိပ်ရာဆီတည့်တည့်လျှောက်သွားလိုက်ပြီး ခြေထောက်ချိတ်ထိုင်လိုက်သည်။ အိပ်ရာက ခုံထက်အနည်းငယ်ပိုမြင့်လေသည်။ လုမင်ရှီကအေးဆေးတည်ငြိမ်စွာခြေချိတ်ထိုင်နေခဲ့ပြီး အပြည့်အဝခုခံနိုင်မည့်ပုံစံဖြင့်လက်ပိုက်ထားသေးသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now