IRAATROMWPWMC(27)

3.6K 592 18
                                    

[Unicode]

ဒီနေ့ ကုရိရှင်းအလုပ်စမလုပ်ရသေးခင် အင်တာဗျူးအတွက်သတင်းထောက်အတော်များများနဲ့တွေ့ဆုံမေးမြန်းမှုတွေလုပ်ခဲ့ရသည်။

"ဟယ်လို မကြာသေးခင်က ခင်ဗျားအင်တာနက်ပေါ်မှာ တော်တော်နာမည်ကြီးခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ ခင်ဗျားနဲ့သီးသန့်တွေ့ဆုံမေးမြန်းမှုတစ်ခုလောက်လုပ်ချင်လို့ပါ"

"ခင်ဗျားအနေနဲ့ အုတ်ခဲသယ်ရွေ့ရတဲ့အလုပ်ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲ?"

ကုရိရှင်းတွန့်ဆုတ်မှုမရှိဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့ အုတ်ခဲသယ်တာကကျွန်တော့အတွက်အထူးဝါသနာဖြစ်နေလို့ပါ"

သတင်းထောက်ကဘောပင်ထုတ်လိုက်ပြီး မှတ်စုစာအုပ်မှာ လိုက်ရေးမှတ်နေတယ်။ သတင်းထောက်ကဆက်မေးလိုက်တယ်။
"ဒါကြောင့် ခင်ဗျားလုပ်ချင်တဲ့အလုပ်မျိူးကိုလုပ်ဖို့ရွေးချယ်လိုက်တာလား?"

ကုရိရှင်းကခေါင်းညိမ့်လိုက်တယ်။
"အဲ့လိုပြောလို့လဲရပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်တော်က အချိန်ပိုင်းအလုပ်တွေနဲ့ပတ်သက်ပြီးအမြော်အမြင်မရှိခဲ့ဘူး။ ဘဝတစ်လျှောက်အချိန်ပိုင်းအလုပ်တွေအားလုံးလုပ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့အဓိကစီးပွားရေးနဲ့ပတ်သက်လာရင်တော့ ဘယ်တော့မှယိမ်းယိုင်သွားမှာမဟုတ်ဘူး။ ဟုတ်ပါတယ်။ အဲ့ဒါက အုတ်ခဲသယ်တာပါ။ ဒါကကျွန်တော့်ဘဝတစ်ခုလုံးရဲ့အလေ့အကျင့်နဲ့ဝါသနာဆိုလဲမမှားပါဘူး"

သတင်းထောက်ကနောက်မေးခွန်းတစ်ခုဆက်မေးလိုက်တယ်။
"ကျွန်တော်တကယ်အံ့သြမိပါတယ်။ ခင်ဗျားအနေနဲ့ ကိုယ့်အနာဂတ်ကိုရောစိတ်ပူဖူးလား? ကျွန်တော်ဆိုလိုတာက ကောလိပ်ဆက်တက်ဖို့လက်လျှော့လိုက်တာက အနာဂတ်လုပ်ငန်းအပေါ်သက်ရောက်မှုရှိနိုင်တယ်။ ဥပမာ ကျွမ်းကျင်မှုဗဟုသုတလိုအပ်ချက်ရှိလာတာမျိူး ဒါမှမဟုတ် တစ်နေ့နေ့မှာဝါသနာကိုပြောင်းလဲဖို့ရောရှိမလား? ရှေ့လျှောက်ရော စာလေ့လာမှုပိုင်းဆိုင်ရာမှာဆက်လက်သင်ယူဖို့ ဆုံးဖြတ်မလား?"

ကုရိရှင်းခေါင်းခါလိုက်တယ်။
"ဟင့်အင်း ကျွန်တော့်ဘဝလမ်းကြောင်းကအရမ်း တည်ငြိမ်နေပါပြီ။ အဓိပ္ပါယ်ကတော့ ကျွန်တော်အုတ်ခဲသယ်နေရတာကို ပျော်ရွှင်နေရပြီး အဲ့ဒါကိုပဲအသက်မွေးဝမ်းကြောင်းအနေနဲ့ဆက်လုပ်သွားမှာပါ"

"အဆုံးမှာတော့ စာလေ့လာတာကအလုပ်ရဖို့ဖြစ်ပြီး အလုပ်ရဖို့ဆိုတာ ဘဝလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ပါ ဒါပေမယ့်ပိုအရေးကြီးတဲ့အရာက ဘဝမှာပျော်ရွှင်ရဖို့ပဲ"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now