IRAATROMWPWMC(30)

3.7K 556 36
                                    

[Unicode]

သေချာတာက ဒီလူကသာမန်လူတော့မဖြစ်နိုင်ဘူး။ ကုရိရှင်း လှပပြီးဖြူ ဖပ်ဖြူ ရော်မျက်နှာနဲ့ နူးညံ့တဲ့အသားအရေရှိတဲ့လူကိုစိုက်ကြည့်လိုက်ပြီးသကာလ ထိုလူကသာမန်NPCမဖြစ်နိုင်ဘူးဆိုတာသိလိုက်တယ်။ အဲ့ဒီလူကိုတိုက်ရိုက်မေးလိုက်ချင်ပေမယ့်  သတိလစ်နေတုန်းရှိသေးသည်။ ကုရိရှင်း ဘယ်သူ့ကိုမှမသတ်ချင်ခဲ့တဲ့အတွက် ပြတင်းပေါက်ကခုန်ချဖို့ပဲရှိတော့မည်။ ထို့နောက်မြေပေါ်မှာလဲနေတဲ့အနှီလူသားကိုကောက်မလိုက်ပြီး လက်သီးနဲ့ထိုးလိုက်တယ်။

(Aww...လူမသတ်ချင်လို့သာပဲ လုပ်နေပုံကရိုက်ပေါက်တွေ အံ့သြဘ)
[Note: NPC-Non-Player Character]

ကျွဲရိုင်းတစ်ကောင်ပင် ထိုလက်သီးချက်အောက်တွင်နိုးလာနိုင်တဲ့အထိ သူ့လက်ကသန်မာလှသည်။ လဲနေတဲ့ကောင်လေးကို ကုရိရှင်း ကစိတ်ရှည်လက်ရှည်ထိုးနေခဲ့သည်။ ဒါပေမယ့်ကောင်လေးနိုးမလာခဲ့ဘူး။

ဒီလိုနဲ့ သူတကယ်ကိုခြေကုန်လက်ပမ်းကျသွားတော့မလား?

ကုရိရှင်း ထပ်ပြီးမထိုးနိုင်တော့ဘူး။ ဒီကလေးကိုဆက်ထိုးနေဦးမယ်ဆိုရင် သူ့နှုတ်ခမ်းတွေကွဲထွက်ကုန်တော့မည်။

ကုရိရှင်းသည် လူနာတင်ကားခေါ်ရန်သူ့ဖုန်းကိုရှာဖွေလိုက်သည်။ သို့သော် သူ့အိတ်ကပ်ကိုထိမိလိုက်ချိန်တွင်...ငါ့ဖုန်းဘယ်မှာလဲ? 80ရာခိုင်နှုန်းသောလူတွေကထွက်ပြေးဖို့ကြိုးစားရင်း ဖုန်းပြုတ်ကျခဲ့တာဖြစ်နိုင်ပေမယ့် ကုရိရှင်းကအစတည်းကဖုန်းမှမရှိတာ။ ဒီတစ်ကြိမ်တော့ ဖုန်းမရှိတဲ့အတွက်နာကျင်သလိုခံစားလိုက်ရသည်။ ထို့နောက်ကောင်လေးကိုမှောက်လိုက်ပြီး သူ့တင်ပါးအိတ်ကပ်ထဲမှာဖုန်းရှိလိုရှိငြားနှိုက်ရှာလိုက်သည်။ ကောင်လေးရဲ့လက်ကိုသုံးပြီး ဖုန်းရဲ့lockကိုဖြည်လိုက်တယ်။ "1"ဆိုတဲ့နံပါတ်ကိုကောက်နှိုက်ပြီးဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်နေတဲ့အချိန်ကျမှ screenကရင်းနှီးနေတဲ့မိသားစုနာမည်ကိုတွေ့လိုက်ရသည်။

ဟေးချဲ့

? ? ?

တိုက်ဆိုင်လိုက်တာလို့တွေးလို့တောင်မဆုံးသေးခင် ရုတ်တရက်တံခါးခေါက်သံကြားလိုက်ရသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now