IRAATROMWPWMC(3)

7.6K 1.3K 54
                                    

[Unicode]

နောက်ဆုံးတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကုရိရှင်းအလုပ်ရခဲ့ပြီ။

ပုံမှန်အလုပ်သမားတွေက တစ်နေ့ကို အုတ်ခဲသယ်ခ ယွမ်၁၁၀၀ရတယ်။ ဆိုလိုတာက ကုရိရှင်းဆီမှာသူ့အင်အားအသုံးချနိုင်စွမ်းတွေရှိနေတာကြောင့် မနက် ၉နာရီကနေ ညနေ၃နာရီအထိအလုပ်လုပ်ရင်တောင် တစ်ခြားလူတွေထက် ၂ဆပိုသယ်နိုင်ရာ လုပ်အားခလဲ၂ဆရလေသည်။

တစ်ရက်ကို ၂၀၀၀ ဝင်ငွေရှိခြင်းသည် အသားပေါက်စီအလုံး၂၀၀စားဖို့လုံလောက်လေသည်။

ဒါကြောင့် ကုရိရှင်းကနောက်ထပ်ဗိုက်ဆာမှာကိုကြောက်စရာမလိုတော့ဘူး။ သူ့ရဲ့ပထမတစ်ပတ်လုပ်အားခဖြစ်တဲ့ ယွမ်၁၀၀၀၀ရခဲ့သည်။ ဒီပူပူနွေးနွေးငွေစက္ကူ ကို သူ့ရဲ့အင်္ကျိအိတ်ကပ်ထဲထည့်လိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အပြင်ဘက်ကစားသောက်ဆိုင်မှာ ကောင်းကောင်းစားဖို့ဆုံးဖြတ်လိုက်တယ်။

ဈေးနှုန်းတွေကအလွန်သင့်တင့်ပြီး အစားအစာပမာဏလဲများသည့်အတွက် သဘောကျပေမယ့် သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတွေသာမရှိရင် စားရတာပိုသက်တောင့်သက်တာဖြစ်မှာပဲ။

စားသောက်ဆိုင်ပိုင်ရှင်က ရွှေဝါရောင်ကြက်သားဟင်းကို စားနေတဲ့ချောမောတဲ့ကောင်လေးကို စိတ်အားထက်သန်စွာကြည့်နေတယ်။ သူကထမင်း၈ပွဲပါ မှာခဲ့သေးသည်။ ဒီအဖြစ်အပျက်က သူ့ရဲ့တည်ရှိမှုကိုအလေးထားတဲ့လူရှိပါလားဆိုပြီး ခံစားရစေတဲ့ပထမဆုံးအကြိမ်ပဲ။

ဒီနှစ်တွေအတွင်းမှာ ကုရိရှင်းကအဝါရောင်ကြက်သားထမင်းကို မှာစားခဲ့တဲ့ပထမဆုံးလူဖြစ်ပြီး နောက်ထပ်ထမင်းပါထပ်မှာခဲ့သေးသည်။

အဲ့ဒါကလဲ ၁ပန်းကန်လဲမဟုတ် ၂ပန်းကန်လဲမဟုတ်၊ ၈ပန်းကန်တောင်!!!
စိတ်ဝင်စားဖို့ကောင်းတဲ့ကောင်လေးပဲ!

ကုရိရှင်းက စားသောက်ဆိုင်ကပြန်တဲ့အချိန်မှာ သူကထမင်း၁၄ပန်းကန်စားခဲ့သည်။ သူဌေးအမျိူးသမီးကပျော်ရွှင်စွာပဲ သူပိုက်ဆံပေးတာကိုမယူပဲငြင်းခဲ့ရုံသာမက နောက်တစ်ကြိမ်ထပ်လာခဲ့ဖို့ပါဖိတ်ခေါ်ခဲ့တယ်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now