IRAATROMWPWMC(35)

3.4K 538 13
                                    

[Unicode]

လူနာတင်ကားကဆေးရုံကိုတိုက်ရိုက်မောင်းသွားခဲ့သည်။ ဂရုစိုက်တတ်တဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ကုရိရှင်းသည်ကောင်တာသို့သွား၍ လုမင်ရှီကိုလူနာစာရင်းသွင်းရန်ကူညီချင်ခဲ့သည်။ ဒါပေမယ့် လုမင်ရှီကသူ့လက်မောင်းကိုလှမ်းဆွဲပြီးပြောလိုက်တယ်။
"ဒါ ငါ့ဆေးရုံ"

ဟုတ်ပြီ။ ဒီမြေပိုင်ရှင်တွေနဲ့အရင်းရှင်လူတန်းစားတွေက ကိုယ်တွေလိုလက်လုပ်လက်စားလူတန်းစားတွေနဲ့အလွန်ကွာခြားလွန်းတယ်လို့ ကုရိရှင်းတွေးမိလိုက်သည်။ ထို့နောက်လုမင်ရှီကိုအခန်းတံခါးဝအထိလိုက်ပို့ပေးလိုက်သည်။

အန်းရှောင်က အထဲဝင်လာလို့ရတယ်လို့ကုရိရှင်းကိုပြောချင်ခဲ့ပေမယ့် လုမင်ရှီကသူ့ကိုချက်ချင်းတားခဲ့သည်။ လုမင်ရှီကမျက်လုံးမှိတ်ပြလိုက်တဲ့အခါမှ ဘာကိုဆိုလိုတာလဲဆိုတာ အန်းရှောင်သဘောပေါက်လိုက်သည်။ ဒါကြောင့် သူကကုရိရှင်းကိုပုတ်လိုက်ပြီးအပြင်မှာပဲစောင့်နေဖို့ပြောလိုက်တယ်။

လုမင်ရှီကကုရိရှင်းကိုခက်ခက်ခဲခဲပြုံးပြလိုက်ရသည်။
"ဒီနေ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်...မင်းအလုပ်ပြုတ်သွားတဲ့အတွက် ငါမင်းကိုပြန်လျော်ပေးမှာပါ"

ဒါကိုကြားလိုက်တဲ့အခါ ကုရိရှင်းအနည်းငယ်မပျော်မရွှင်ဖြစ်သွားခဲ့သည်။ တကယ်တမ်းကုရိရှင်းကမကြင်နာတတ်သူဖြစ်နေပြီး လူတွေကိုပိုက်ဆံတစ်ခုတည်းကြောင့်မျက်လုံးထဲထည့်တဲ့လူမျိူးဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ လုမင်ရှီကယဉ်ယဉ်ကျေးကျေးပြောလိုက်တာလို့ သူခံစားလိုက်ရသည်။

သူဒီလောက်ရက်စက်တဲ့လူဖြစ်နေပြီလား?

ရှောင်ကုကထိုင်ချလိုက်ပြီးသူ့အပြုအမူတွေကိုပြန်စဉ်းစားရင်း သူ့ကိုယ်သူအားပေးလိုက်တယ်။ အလုပ်မှာကြိုးစားအားထုတ်မှုရှိခြင်းနှင့်ငွေသုံးခြင်းတို့သည် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသောအရာများဖြစ်သော်လည်း သူပိုက်ဆံသုံးရမှာကိုဘယ်တော့မှမတွန့်ဆုတ်ခဲ့ဘူး။ သူကမလိုအပ်တဲ့နေရာတွေမှာငွေသုံးတာထက် စုဆောင်းရတာကိုပိုသဘောကျခဲ့ပြီး အကျိူးရှိတဲ့နေရာတွေမှာပဲ သူငွေသုံးခဲ့တာများသည်။ ဒီကိစ္စကအထင်လွဲဖို့ကောင်းနေတယ်...လုမင်ရှီနေပြန်ကောင်းတဲ့အချိန်ကျရင်တော့ သူဒါကိုသေသေချာချာရှင်းပြဖို့လိုနေပြီ။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now