IRAATROMWPWMC(48)

2.9K 411 23
                                    

[Unicode]

မိနစ်၂၀ကြာပြီးနောက် ထိုလူနှစ်ယောက်သည် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြသည်။

ဒါကစိတ်ကူးယဉ်ကြည့်လို့တောင်မရနိုင်ဘူး။

* * *
ကုရိရှင်းနဲ့လုမင်ရှီတို့သည် ဘာမှမတတ်နိုင်တော့ပဲ ရုပ်ရှင်၏အကြောင်းအရာများစွာကို အကူအညီမဲ့စွာကြည့်ရှုလိုက်ရပြီး လက်မှတ်မဝယ်ခင်ကသူတို့တွေ့လိုက်ရတဲ့ ရုပ်ရှင်reviewတွေဟာအတုဖြစ်ကြောင်းသိလိုက်ရတော့သည်။

နွေးထွေးပြီး နူးညံ့တာလား?

တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်တာလား?

ဆက်ဆံရေးမျဉ်းကြောင်းသည် ရက်စက်ကြမ်းကြုတ်မှုဖြင့် ချိူ မြိန်စွာတိုးတက်လာခဲ့သည်။ အပ်ချည်မျှင်တွေအားလုံးကို ဂရုတစိုက်သပ်ရပ်စွာချည်နှောင်ထားပြီး ကိစ္စရပ်များကိုထိုးထွင်းသိမြင်စေတဲ့အမြင်ဖြင့် စေ့စပ်စွာလေ့လာထားမှုနဲ့အတူဒီအချက်ကိုဖျက်စီးပစ်လိုက်သည်။

. . .

ဒီရုပ်ရှင်က အချိန်ကြာမြင့်စွာကတည်းက ရှိနေတဲ့အချစ်အကြောင်းဖြစ်သည်။ ချစ်သူတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းဆိုလည်းဟုတ်သည်။

အစပိုင်းက အဖြစ်အပျက်ပြီးတဲ့နောက်ကို အတိအကျဖော်ပြထားသည်။ နောက်ပိုင်းတွင် ရင်ထဲထိအောင်ခံစားရသောသီချင်းနှင့်ဇာတ်ကြောင်းတို့ပါဝင်လာမှုကလည်း နှိုင်းယှဉ်လို့မရနိုင်ခဲ့ပေ။

ဇာတ်လိုက်တွေအဆင်ပြေနေချိန်တွင် တကယ့်ရှင်းလင်းပြတ်သားမြင်ကွင်းတို့ များများစားစားသိပ်မပါသော်လည်း သူတို့နှစ်ဦး၏မျက်လုံးများသည်အကြည့်ချင်းဆုံနေကြပြီး လေထဲတွင်မီးပွင့်မတတ်ဖြစ်နေလေသည်။

ဒါကဘယ်လိုအရေးမပါတဲ့အနုပညာဖော်ပြချက်ကြီးလဲ?

* * *
ကုရိရှင်းသည် ရုပ်ရှင်ကိုအလေးအနက်ကြည့်နေစဉ် လုမင်ရှီတစ်ယောက်မှာ အပ်ဖျားထိပ်ပေါ်ထိုင်နေသကဲ့သို့ခံစားနေရသည်။

ဒီရုပ်ရှင်ထဲကဇာတ်ဆောင်တစ်ယောက်သည် သူနှင့်ပင်အနည်းငယ်လာတူနေခဲ့သည်။ ထိုပုံရိပ်ကိုသူမြင်ခါစတွင် သူတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကို ဒုတိယအကြိမ်ထပ်ဖြစ်တော့မလိုခံစားလိုက်ရသည်။ လင်းထိန်နေတဲ့နောက်ခံမြင်ကွင်းနဲ့ မျက်လုံးတို့ကတောင် နည်းနည်းပိုပြီးဆင်တူနေသလိုပဲ။ တံခါးကိုဖြတ်မလာခင်က လက်မှတ်စစ်ကောင်မလေး၏အကြည့်တို့ကိုသတိရသွားပြီး လုမင်ရှီနက်နက်နဲနဲတွေးနေမိသည်။ ဒီတစ်ကြိမ်တော့ ရုပ်ရှင်ကနာရီဝက်နီးပါးကြာသည်အထိ ပြသနေဆဲဖြစ်သည်။ နှေးကွေးစွာနောက်ကြောင်းပြန်ပြနေပြီး နောက်ဆုံးတော့ရုပ်ရှင်စပြခဲ့သည့်ဇာတ်ဝင်ခန်းသို့ပြန်ရောက်လာခဲ့သည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now