IRAATROMWPWMC(17.1)

5.3K 934 17
                                    

[Unicode]

မစ္စတာလုနဲ့ကုရိရှင်းစကားပြောနေတုန်း လုမင်ရှီမျက်နှာကအတန်အသင့်ဆိုးဝါးနေကြောင်းသတိထားမိလိုက်တယ်။ ကုရိရှင်းလည်း သူပြောနေတဲ့အရာတွေအားလုံးကိုသတိရှိရှိရပ်တန့်ပစ်လိုက်တယ်။

လုမင်ရှီကရည်ရွယ်ချက်ရှိရှိတိုက်ရိုက်ပြောလိုက်တယ်။
"ငါနဲ့ပြန်လိုက်ခဲ့မလား? လစာအလျှော့ခံမလား?"

လုမင်ရှီကတစ်ဖက်လူစိတ်ဆင်းရဲအောင်မေးလိုက်သည်။ တကယ်လည်း သူစိတ်ခံစားလွယ်နေခဲ့သည်။ အရမ်းထိရှလွယ်နေတဲ့အခြေအနေပဲ။

ဒီကောင်လေးက လုမိသားစုမှာကလေးဘဝကတည်းက ပျော်ပျော်ရွှင်ရွှင်နေထိုင်စားသောက်လာတဲ့ကလေးတစ်ယောက်ဖြစ်သည်။ သူက ဘယ်တုန်းကမှ စားစရာမရှိဘူးဆိုတဲ့အခြေအနေမျိူးမကြုံတွေ့ခဲ့ပဲ အကောင်းဆုံးဆိုတာတွေပဲစားခဲ့ရသည်။ ဒါပေမယ့်တစ်လလောက်အိမ်ပြေးလုပ်ပြီးတဲ့အခါ ဒီကလေးကမတူတော့တဲ့လူနှစ်ယောက်လိုပြု မူနေပြီ။

ဒီငယ်ရွယ်တဲ့ဆရာသမားလေးက လူသိများလာတဲ့အလုပ်သမားလူတန်းစားအဖြစ်ပြောင်းသွားပြီး လေးလံတာတွေသယ်နိုင်တဲ့ကာယခွန်အားအသုံးပြုသူဖြစ်နေခဲ့ပြီ။

ဈေးကြီးတဲ့ပစ္စည်းတွေကိုမျက်တောင်တစ်ချက်မခတ်ပဲ ကဒ်တစ်ကဒ်နဲ့လျှောက်ဝယ်ခဲ့တဲ့လူက ဒေါ်လာ၂၀နဲ့ ၅ဆင့်လေးကိုတောင်လက်မလွတ်ပေးနိုင်ပဲပြန်အမ်းခိုင်းနေတယ်။

ဒါကသူ့ကိုတော်တော်လေးအံ့သြသွားစေတယ်။

လုမင်ရှီကအချက်အလက်တွေနဲ့အကွက်ကျကျစဉ်းစားတဲ့နေရာမှာ အလွန်တော်သည်။ သူအခုစဉ်းစားမိတာဆိုလို့ ကုရိရှင်းဆီမှာဖြစ်နေတဲ့ပြောင်းလဲမှုတွေက ဒီကောင်လေးအပေါ်မှာထားခဲ့တဲ့လုမိသားစုရဲ့သဘောထားတွေကပဲ မှားသွားခဲ့လို့လား?

လုမင်ရှီက သူ့အတွေးထဲမှာအချိန်အတန်ကြာအောင်စဉ်းစားရင်းမျောနေခဲ့တယ်။

ကုရိရှင်းက သူ့လက်မောင်းကို လုမင်ရှီပခုံးပေါ်ရုတ်တရက်တင်လိုက်တယ်။ သူကလုမင်ရှီဘာတွေတွေးနေလဲဆိုတာမသိခဲ့ဘူးလေ။ သူသိတာက အခုသူကလုမင်ရှီထက် ၆စင်တီမီတာလောက်ပုနေသည်။ သူအဲ့လိုလှမ်းတင်လိုက်တဲ့အတွက် သဘာဝကျကျပဲလုမင်ရှီကိုနီးအောင်ဆွဲလိုက်သလိုဖြစ်သွားတယ်။ ကုရိရှင်းကစကားပြောဖို့ ပါးစပ်ဟလိုက်တယ်။ သူဘာမှမပြောရသေးခင်မှာ လုမင်ရှီကသူ့ကိုတွန်းထုတ်လိုက်တယ်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now