IRRATROMWPWMC(23)

4.3K 678 5
                                    

[Unicode]

မမျှော်လင့်ပဲ ကုရိရှင်း၏အိပ်ရာကိုဖျက်စီးမိခဲ့ပြီးနောက်တွင် လုမင်ရှီသည် ကုရိရှင်းနှင့်နေ့တိုင်းအတူတူအိပ်ခွင့်ရခဲ့လေသည်။

လုမင်ရှီက သူ့ရဲ့လက်ရှိအခြေအနေကိုပို၍ကျေနပ်ခဲ့လေသည်။ နှစ်ပတ်ကြာပြီးနောက် အန်းရှောင်ပြန်ရောက်လာတဲ့အခါ သူ့ကိုချက်လက်မှတ်တစ်စောင်ပေးလိုက်ပြီး အရာရာတိုင်းကအရမ်းကိုပုံမှန်ဖြစ်နေကြောင်းပြောပြခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ကုရိရှင်းသည်လည်းဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အရမ်းအဆင်ပြေနေခဲ့ပြီးသက်တောင့်သက်သာဖြစ်နေခဲ့တယ်။

နေ့တိုင်း အုတ်ခဲသယ်ခဲ့ပြီး ရုံးချူ ပ်(ဌာနချူ ပ်)မှာလက်ဖက်ရည်သောက်တဲ့အပြင် ဆောက်လုပ်ရေးမန်နေဂျာကသူ့ကိုစိန်ခေါ်မှုအသစ်တစ်ခုပေးခဲ့သည်။

တစ်ရက်တွင် ရုံးချူ ပ်သို့ကုရိရှင်းရောက်လာခဲ့သည်။ မန်နေဂျာက ကုရိရှင်းသည်အခုသူ့ရဲ့ကြွယ်ဝမှုမှာပျော်သင့်သလောက်ပျော်နေတာကိုတွေ့လိုက်ရသည်။ မန်နေဂျာက တလေးတစားနဲ့ဆက်ဆံခဲ့ပြီးကုရိရှင်းထိုင်ဖို့စီစဉ်ပေးလိုက်တယ်။ သူကအကောင်းဆုံးလက်ဖက်ရည်တစ်ခွက်နဲ့ကုရိရှင်းကိုဧည့်ခံခဲ့ပြီး လက်ဖက်ရည်ခွက်ပူလို့မှုတ်နေတဲ့ကုရိရှင်းကိုပြုံးပြီးကြည့်နေလိုက်တယ်။

ကုရိရှင်းက ပြာယာခတ်နေတဲ့မန်နေဂျာကိုကြည့်ရင်းနည်းနည်းမျက်စိနောက်သလိုဖြစ်လာတယ်။ ဒါကြောင့်သူက တိုက်ရိုက်ပဲပြောလိုက်တယ်။
"မန်နေဂျာ ကျွန်တော့်ကိုပြောစရာတစ်ခုခုများရှိလား?"

မန်နေဂျာက နူးနူးညံ့ညံ့ပြောလိုက်တယ်။
"ရှောင်ကု ရုံးချူ ပ်မှာနေ့တိုင်းသတင်းစာဖတ်ပြီး ဘာတွေဖြစ်နေလဲဆိုတာကြည့်ဖူးသလား?"

ကုရိရှင်းကရိုးရိုးသားသားပဲပြန်ဖြေလိုက်တယ်။
"ဟင့်အင်း"

မန်နေဂျာက ဒီနေ့သတင်းစာကို ကုရိရှင်းကိုထုတ်ပြလိုက်ပြီး တစ်နေရာကိုထောက်ပြလိုက်တယ်။
"ရှောင်ကု ဒီကိုကြည့်"

ကုရိရှင်းက ပြတဲ့နေရာကိုအချိန်တော်တော်ကြာရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိကြည့်နေခဲ့ပေမယ့် နားမလည်နိုင်ခဲ့ဘူး။
"ဘာလဲဟ?"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now