IRAATROMWPWMC(42.2)

3.2K 526 16
                                    

[Unicode]

အသက်၂၉နှစ်အရွယ် လုမင်ရှီ၏အံ့သြဖွယ်ကောင်းသောဘဝသည် သူ၏အဆုံးမရှိကြိုးစားအားထုတ်မှုများအားလုံးကြောင့်ဖြစ်လာခြင်းဖြစ်သည်။ အလုပ်ကြိုးစားလုပ်ခြင်းဖြင့် သူ၏အလွန်လျင်မြန်စွာတုံ့ပြန်နိုင်သည့် စွမ်းရည်ကိုရလာခဲ့သည်။ မရေမတွက်နိုင်အောင်ကြုံတွေ့ခဲ့ရသည့် အန္တရာယ်ရှိသောအခြေအနေများကိုလည်း လုံခြုံစွာဖြတ်ကျော်နိုင်ခဲ့သည့်အပြင် ညှိုနှိုင်းမှုတစ်ခုအဖြစ်ပင်ပြောင်းလဲနိုင်ခဲ့သည်။

သို့သော် ဒီအခိုက်အတန့်တွင်တော့လုမင်ရှီ၏အံ့သြဖွယ်ဘဝသည် ပထမဆုံးအချိန်အဖြစ်ပျက်စီးသွားခဲ့ရပြီ။ သူကဆိုဖာပေါ်ကိုဒူးထောက်ထားရင်း အမူအယာမဲ့စွာဖြင့် ဆိုဖာ၏နောက်မှီကိုမျက်နှာမူကာထိုင်နေခဲ့သည်။

အရမ်းဝမ်းနည်းဖွယ်ရာပဲ

ဖေဖေလုနဲ့မေမေလုတို့ဝင်လာတဲ့အခါ ပဟေဠိဆန်တဲ့အကြည့်တွေနဲ့ထိုင်နေတဲ့ကုရိရှင်းကိုအရင်တွေ့လိုက်ရသည်။

ကုရိရှင်းရဲ့ခန္ဓာကိုယ်အထက်ပိုင်းတွင် အဝတ်မကပ်ဖြစ်နေသည့်အပြင် လက်မောင်းများကြားတွင်ခေါင်းအုံးတစ်လုံးကိုပိုက်ထားသေးသည်။

မေမေလုအထိတ်တလန့်ဖြစ်သွားသည်။

"ရိရိ အပြင်မှာဒီလောက်အေးနေတာကို ဘယ်လိုဖြစ်လို့အဝတ်မကပ်တာလဲ!! ကလေးရယ်...မင်းနဲ့သန္ဓေသားလေး တောင့်ခဲကုန်တော့မှာပဲ..."

သူမကပြောရင်းဆိုရင်း သူမ ဝတ်လာသည့်နှင်းကာအနွေးထည်အရှည်ကို ကုရိရှင်းကိုယ်ပေါ်သို့လွှမ်းခြုံပေးလိုက်သည်။ ထို့နောက်ကုရိရှင်း၏ဝမ်းဗိုက်ကို စိတ်ကျေနပ်သွားဟန်ဖြင့်စိုက်ကြည့်လိုက်သည်။

"ကလေး မင်းရဲ့အခြေအနေကောင်းပုံရတယ်နော်! မေမေကိုယ်ဝန်ရှိတုန်းကဆို ဗိုက်အကြီးကြီးရှိခဲ့ပြီး အထဲက ကလေးကိုမိန်းကလေးဖြစ်မယ်လို့တောင်ထင်လိုက်သေးတယ်...မင်မင်ထွက်လာတဲ့အခါကျမှပဲ ၈ပေါင်အလေးချိန်ရှိတဲ့ဝဝတုတ်တုတ်ကောင်လေးဖြစ်နေမှန်းသိရတော့တယ်! ဒီကလေးက ငယ်ငယ်ကတည်းက အရာရာကိုသူ့စိတ်ထဲမှာပဲသိမ်းထားတတ်တာ..."

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now