IRAATROMWPWMC(44)

3.4K 537 7
                                    

လုမင်ရှီကလက်ထပ်စာချူ ပ်သယ်လာတဲ့အချိန်မှာ ကုရိရှင်းကသစ်သားပုခက်ကိုသယ်ဆောင်လာခဲ့တယ်။ သူတို့နှစ်ယောက်က လုအိမ်တော်ဆီကိုခေါင်းမော့ပြီးပြန်လာခဲ့ကြသည်။

သူတို့အိမ်ရှေ့တံခါးဆီရောက်တဲ့အခါ ကားတစ်စီးကအငွေ့တွေအပြည့်ထုတ်လွှတ်ရင်းမောင်းထွက်သွားသည်ကိုတွေ့လိုက်ရသည်။ ထိုကားသည် ဖေဖေလုနှင့်မေမေလုတို့ပိုင်ဆိုင်သည့်ကားဖြစ်သည်။

ကုရိရှင်းကမေးလိုက်တယ်။
"ဘာလို့အန်ကယ်နဲ့အန်တီတို့ ဒီလောက်အလျင်စလိုထွက်သွားကြတာလဲ?"

လုမင်ရှီလည်းလမ်းပျောက်နေပုံရပြီး
"ငါ့အသွင်အပြင်နဲ့ သူတို့အသားကျနိုင်ဖို့အချိန်ယူရမယ်ထင်တယ်"

သူတို့ရဲ့သားကိုယ်တိုင် ကိုယ်ဝန်ဆောင်နေရတာနဲ့ တခြားလူရဲ့သား ကိုယ်ဝန်ဆောင်တာကိုနှိုင်းယှဉ်ကြည့်လျှင်ပင် ၄င်းတို့မှာလုံးဝခြားနားနေဆဲဖြစ်သည်။

ကုရိရှင်းက လုမင်ရှီရဲ့ဗိုက်ကိုထိလိုက်ပြီးနှစ်သိမ့်ပေးလိုက်တယ်။
"မဟုတ်ပါဘူး။ သူတို့မှာတခြားအလုပ်ရှုပ်စရာတွေရှိလို့နေမှာပါ။ အဲ့ဒါတွေပြီးရင် မင်းကိုတွေ့ဖို့ပြန်လာကြမှာပါ"

လူနှစ်ယောက်က ဧည့်ခန်းဆီသို့ဦးတည်ခဲ့ကြသည်။ သစ်သားမှုန်တွေကိုသန့်ရှင်းရေးလုပ်ပြီးသားဖြစ်ကာ မနေ့ကလုပ်ခဲ့တဲ့လက်မှုပစ္စည်းတစ်ဝက်ကိုလည်း အနောက်ဘက်မှာသေချာထားပေးခဲ့သည်။

လုမင်ရှီက ကုရိရှင်းသယ်လာတဲ့သစ်သားပုခက်အသစ်ကိုကြည့်လိုက်ပြီးနောက် ဘေးဖယ်ထားခံရတဲ့တစ်ပိုင်းတစ်စပြီးထားသောလက်လုပ်ပုခက်ဆီကို အကြည့်ရောက်သွားတဲ့အခါ အနည်းငယ်သနားစရာကောင်းတယ်လို့ခံစားလိုက်ရသည်။

"ဒါက မင်းချွေးဒီးဒီးကျခဲ့ရတဲ့လေးနာရီအလုပ်ချိန်ကိုဖြုန်းတီးသလိုဖြစ်သွားပြီ"

ကုရိရှင်းက သူလုပ်ထားတာတစ်ဝက်ပြီးနေတဲ့ပစ္စည်းကိုဂရုတစိုက်စူးစမ်းလိုက်တယ်။

"အဆင်ပြေပါတယ်"
ကုရိရှင်းကသူ့အင်္ကျီလက်တွေကိုခေါက်တင်လိုက်တယ်။
"ဒီလိုဖြစ်လာတော့လည်း ကလေးပစ္စည်းတင်တဲ့စားပွဲအဖြစ်ပြောင်းလိုက်ရုံပေါ့...အရမ်းရိုးရှင်းတာပဲ"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now