IRAATROMWPWMC(15)

5.2K 953 15
                                    

[Unicode]

လုမင်ရှီက ရဟတ်ယာဉ်ထဲကိုမဝင်ရသေးဘူး။
အန်းရှောင်ကဖုန်းထဲကနေ အော်ဟစ်ပြောဆိုနေပြီ။
"ရဟတ်ယာဉ်ကဘယ်လောက်အန္တရာယ်များလဲမသိဘူးလား!!! ပန်ကာဒလက်လေးတစ်ခုထဲပါတာလေ!! အဲ့ဒါသာကျိူးသွားရင် ပျက်ကျမှာဟ! အသက်ရှင်ဖို့ ဘာအခွင့်အရေးမှမရှိဘူး!!"

"မင်းကအခုတစ်ယောက်ထဲလဲမဟုတ်တော့ဘူး!! ကလေးရဲ့အဖေကိုဘာကြောင့်ရှာဖို့လိုလဲဆိုတာလေးစဉ်းစားဦး!! အခုဖြစ်ပျက်နေတဲ့အရာတွေအားလုံးကို နည်းနည်းပါးပါးစဉ်းစားပါဦး!! ဘာမဟုတ်တဲ့အရာလေးအတွက်နဲ့ အကြီးအကျယ်ဆုံးရှုံးရအောင်မလုပ်ပါနဲ့!!"

လုမင်ရှီက အန်းရှောင်ရဲ့ဒေါသတကြီးအပြောကြောင့် ထိတ်လန့်သွားခဲ့သည်။ သူကပြန်ရောက်လာခဲ့ပြီး "ကိုယ်ဝန်ဆောင်အမျိူးသားများအတွက်မှတ်သားဖွယ်ရာများနည်း၁၀၀ နှင့်လုပ်ဆောင်ရမည့်အဓိက၁ချက် (၆ကြိမ်မြောက်ထုတ်ဝေခြင်း)" ကိုဖတ်ရန်ဖိအားပေးခံခဲ့ရသည်။

လတ်လတ်ဆတ်ဆတ်ကြီးကို ၆ကြိမ်မြောက်ထုတ်ဝေထားတာပဲ!!

လုမင်ရှီက သူ့ရှေ့မှာယောကျာ်းလေး၅ယောက်ကိုယ်ဝန်ဆောင်ခဲ့တယ်ဆိုတာကိုသိခဲ့ရပြီးတအံ့တသြဖြစ်နေခဲ့သည်။

ရန်မြို့တော်ကနေ Xမြို့တော်ကိုသွားဖို့ဖြတ်လမ်းမရှိခဲ့ဘူး။ အဝေးပြေးကားလမ်းကြောင်းတစ်ခုပဲရှိတယ်။ အဝေးပြေးလမ်းတစ်လျှောက်မှာ သစ်ပင်တွေကိုခုတ်လှဲလို့ကြွေကျခဲ့တဲ့အကိုင်းအခက်တွေနဲ့ သစ်ရွက်ခြောက်တွေ ဒါမှမဟုတ် နေရောင်အောက်မှာ ခြောက်သွေ့နေတဲ့ ရိတ်သိမ်းပြီးကျန်ခဲ့တဲ့စပါးပင်အချိူ့ တို့ကိုတွေ့နိုင်တယ်။

လုမိသားစုရဲ့ ယာဉ်မောင်းက Thousand Hwanaကားအမျိူးအစားနဲ့မြို့ထဲကိုမောင်းဝင်လာခဲ့တယ်။

လုမင်ရှီကအန်းရှောင်ကိုသေလုနီးပါးမုန်းနေမိပြီ။

ဒီလမ်းကသူ့အတွက် တော်တော်ကြမ်းတမ်းနေခဲ့သည်။ ကားနောက်ခန်းခုံထဲကထွက်တဲ့အချိန်ှာလဲ သူ့ခြေထောက်တွေကအလွန်အားနည်းနေခဲ့ပြီး ဌာနခွဲမန်နေဂျာရဲ့ခေါင်းကိုတိုက်မိလုနီးပါးဖြစ်သွားသေးသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now