IRAATROMWPWMC(53)

2.4K 382 12
                                    

[Unicode]

ငွေစာရင်းစာရွက်စာတမ်းများပေါ်မှ နံပါတ်များကို ကုရိရှင်းစိုက်ကြည့်လိုက်သည်။

စာရွက်ပုံစံကိုနားမလည်နိုင်သည့်တိုင် ထိုအပေါ်တွင်ရှိနေသော ရှည်လျားသည့်နံပါတ်အလုံးအရေကို ရေတွက်နိုင်ဆဲဖြစ်သည်။

လုမင်ရှီက သူ့တုံ့ပြန်မှုကိုစိုးရိမ်တကြီးစောင့်ကြည့်နေခဲ့ပြီးမေးသည်။
"မင်းယုံပြီလား?"

ကုရိရှင်းခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် အိပ်ရာအစွန်းတွင်သူပစ်ချထားခဲ့သော ဂျင်းဘောင်းဘီကိုကောက်ယူပြီး ပြန်ဝတ်လိုက်သည်။

ကုရိရှင်းခေါင်းငြိမ့်ပြတာကိုတွေ့လိုက်ရခါမှ လုမင်ရှီအတော်လေး စိတ်သက်သာရာရသွားခဲ့သည်။

လုမင်ရှီက သက်ပြင်းချလိုက်ပြီး ကုရိရှင်းလက်ထဲမှစာရွက်ကိုပြန်ယူကာ စားပွဲပေါ်ပြန်တင်လိုက်ပြီးနောက် သူ့လက်တွေကိုကုရိရှင်းဆီသို့ စိတ်အားထက်သန်စွာလှမ်းပေးလိုက်ပြီး

"လာလေ..."

ဆက်လုပ်ရမှာလား?

? ? ?

နေပါဦး

ဘာလို့ ငါ့ယောကျာ်းက ရုတ်တရက်ကြီးအတွင်းခံဘောင်းဘီပြန်ဝတ်နေတာလဲ?

* * *
လုမင်ရှီ၏အတွေးတို့က အလျင်အမြန်ပြောင်းလဲသွားသည်။

ကုရိရှင်းရဲ့အကျင့်မှာ အတော်လေးအကြင်နာကင်းမဲ့ပြီး သူ့အတွင်းခံကိုစိတ်ရောက်နေချိန်တွင် တခြားလူများကိုအသိအမှတ်ပင်မပြုခဲ့ပေ။

ပြသနာမှာ တကယ်လို့တခြားလူတွေက သနားညှာတာမှုမရှိ ဇွတ်လုပ်တဲ့အခါ သူတို့တွေပြန်လန်းဆန်းတက်ကြွလာနိုင်သေးသည်။ ကုရိရှင်းက အဲ့လိုဟုတ်မနေဘူး။ ငါအခုအဲ့ဒါကို ဆွဲထုတ်လို့မရတော့ဘူး....ဒါ ဆုံးရှုံးသွားတာမဟုတ်လား?

လုမင်ရှီက သူ့နည်းလမ်းအတိုင်း အလွန်တွေးတောနေခဲ့သည်။ သူဆွဲထုတ်ခံလိုက်ရတဲ့အခါတိုင်းဟာ ကြမ်းတမ်းလွန်းပြီး သူကတခြားလူရဲ့ဆုံးရှုံးမှုအကြောင်းကိုတွေးတောနေခဲ့တယ်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now