Part 2

6.3K 233 0
                                    

Uni

🎶Now, I'll never let you go.
     All the words won't make me fold. 
     It's never easy.
     I'll follow you, Apollo.......

   Now, I'll never let you go.
   Give it time and we'll grow.
   Ain't no fun in easy.
   I'll follow you, Apollo......🎶

ကျယ်လောင်သော ph ringtone သံကြောင့် အိပ်ချင်မူးတူးဖြင့်နိုးထလာခဲ့ရသည်။

"Hello”

"အိပ်ပုတ်မ မထသေးဘူးလား”

နေပါဦး ဒီအသံ

"အော် နင်ကို စောစောစီးစီး ဘာလို့ဆက်ရတာလဲ
ငါညတုန်းက အိပ်တာ နောက်ကျသွားလို့ဟ”

"အလုပ်မရှိ အကိုင်မရှိက ဘာလို့ ညတုန်းက နောက်ကျရတာလဲ ဟမ်”

"ဘာ အလုပ်မရှိ အကိုင်မရှိ ဟုတ်လား မနေ့တစ်နေ့ကမှ အလုပ်ထွက်လိုက်တာပါနော်
နောက်ပြီး အလုပ်ထွက်တာကလည်း  ကိုယ့်သဘောနဲ့ကိုယ်ထွက်တာပါနော်
အပ်ထားတဲ့အလုပ်တွေရော
ပြန်ဖို့ကိစ္စရောနဲ့ အလုပ်တွေများပုံလို့ ငါ့ကိုများအလုပ်မရှိအကိုင်မရှိတဲ့”

"ဟား ဟား အမလေး စတာပါ ခွန်းရယ်
ဖြည်းဖြည်း ပြောပါဟ
လူကောင်လုံးကြီးသာ အရှေ့မှာရှိရင်
တစ်ခါတည်း ထသတ်မလားတောင်မသိဘူး
ငါ့သယ်ရင်းလေး အလုပ်ကြိုးစားမှန်း အလုပ်ဂျပိုးမှန်းသိပြီသား
ဟုတ်ပြီလား ချစ်လို့စတာ”

"အဲ့ဒါဆိုလည်း ပြီးတာပဲ
ကဲ မိန့်ပါဦး ph ဆက်ရတဲ့ အကြောင်းရင်းလေး”

"အော် နင်လက်မှတ်ဖြတ်ပြီးပြီလား ဘယ်နေ့ပြန်လာမှာလဲ အတိအကျသိချင်လို့ဟ
အလုပ်ကိစ္စလေးတွေလည်း ရှင်းထားမလို့လေ အဲ့နေ့ကို”

"အော် အေး ငါဖြတ်ပြီးသွားပြီ
နောက်တစ်ပတ်ထဲမှာ
အဲ့ကိုတော့ friday နေ့လည်လောက် ရောက်လိမ့်မယ်
ဘယ်လိုလဲ အားရဲ့လား”

"friday လား
နင်ကလည်းဟာ တစ်ရက်လောက်စောလာရင်လည်းလာ
ဒါမှမဟုတ် ၂ ရက်လောက် နောက်ကျမှ လာရင်လည်းလာပါလား
အဲ့နေ့ ငါမအားဘူးဟ”

"အမလေးဟယ်  ဖြစ်မှဖြစ်ရလေ နင်အားမဲ့နေ့အတွက် ငါကလက်မှတ်တောင် တစ်ခါ ထပ်ဖြတ်ရမယ်ပေါ့”

"မဟုတ်ဘူးလေ သူငယ်ချင်းရာ
ငါက နင့်ကိုလာကြိုချင်လို့လေဟာ
ငါ့မှာ နင့်ကို ဘယ်လောက်ထိ လွမ်းနေလဲဆိုတာ နင်တွေးကြည့်လို့တောင်ရမှာမဟုတ်ဘူး”

You had me at helloWhere stories live. Discover now