Part 40

2.7K 115 0
                                    

Uni

အခုတလော ရာသီဥတု အခြေအနေလုံးဝမကောင်း။
သူဌေးတစ်ခုခုတော့ ဖြစ်နေပြီ။
အလုပ်တွေချည်း ဖိလုပ်နေပြီး တွေ့သမျှလူတိုင်းကို ဟောက်နေသည်။

သူ အလုပ်ဖိလုပ်တာ အရေးမကြီး။
ကိုယ်ပါ overtime တွေ ဆင်းရလွန်းလို့ မျက်တွင်းဟောက်ပက် ဖြစ်နေပြီ။

အခုလည်း လချုပ် နှစ်ချုပ်စာရင်းတွေ တင်ပြရဦးမည်။
ဘာတွေ ရှာကြံ အပြစ်တင်ဦးမလဲ မသိ။

"ဥက္ကဌ စာရင်းတွေပါ"

"ထားခဲ့"

"ဟုတ်ကဲ့"

"နေဦး ငါမင်းကို project နဲ့ ပတ်သတ်တဲ့ စာရင်းတွေပါ တောင်းထားတာလေ"

"ဟုတ်ကဲ့ ကျွန်တော် ပြောလိုက်ပါ့မယ်"

"မင်း ငါပြောတည်းက တစ်ခါတည်း ယူလာရမှာပေါ့
အလုပ်ကို သေချာ မလုပ်ကြဘူး

နောက်ပြီး ခဏနေရင် finance ဘက်က မန်နေဂျာ HR ဘက်က လူတွေလွှတ်လိုက်

တစ်ယောက်မှ အချိုးမပြေကြဘူး
လုပ်လိုက်ရင် တလွဲတွေချည်းပဲ"

"ဟုတ်ကဲ့"

"ဘာကြည့်နေတာလဲ မင်းလည်း သွားတော့
လုပ်စရာရှိတာ အမြန်လုပ်"

"ဟုတ်ကဲ့ပါ ဥက္ကဌ ခွင့်ပြုပါဦး"

ဒီနေ့အတွက်ကတော့ မတွေးရဲစရာ
ဥက္ကဌက စည်းကမ်းသာကြီးတာ
အသားလွတ်ကြီး ဒေါသထွက်နေတတ်သူတော့ မဟုတ်
ကိစ္စတစ်ခုခု ရှိလို့လား

"ကိုသုတ"

"အော် ခွန်း"

"စာရင်းတွေ တောင်းထားလို့"

"ခဏနေဦးနော် ဥက္ကဌ အခု တခြားဌာနက လူတွေနဲ့ စကားပြောနေလို့"

"ဟုတ် ရပါတယ်"

ကိုသုတ မျက်နှာ မကောင်း
ကိစ္စတစ်ခုခုများ ရှိလို့လား။

အမလေး ဘာဖြစ်တာလဲ
အထဲက ဆူပူနေသံတွေက အပြင်ထိတောင် ကြားရသည်။

ထွက်လာသူတွေ၏ မျက်နှာကမကောင်းပါ။
သေချာတာကတော့ ခန့်ညားထည်ဝါ အာဏာပြနေပြီ။

"အခြေအနေကတော့ မြင်တဲ့ အတိုင်းပဲဗျ
ခွန်းလည်း သတိထားပြီးသာ ဝင်သွားပါ"

You had me at helloWhere stories live. Discover now