Part 59

2.3K 109 15
                                    

Uni

ဥပေက္ခာတရားကို အမြဲလက်ကိုင်ကျင့်သုံးတတ်တဲ့ ခွန်းဟာ ဥပေက္ခာပြုခြင်းရဲ့ သက်ရောက်မှုကို အလူးအလဲခံနေရပါသည်။
ဥပေက္ခာပြုတာဟာ တကယ်ကို ထိရောကိတဲ့ လက်နက်တစ်ခုပဲ။
အဲ့ဒီ့လက်နက်ရဲ့ ဒဏ်ကို ခွန်းအလူးအလဲခံနေရပြီ။

မောင် ခွန်းကို ဥပေက္ခာပြုထားပါသည်။
တကယ်ကို ရက်ရက်စက်စက်။
ခွန်းကလည်း မောင့်အရေးပေးမှုတွေကို အမြဲတမ်း ပို၍လိုချင်သည်ပင်။

နည်းနည်းလေးမှ အရေးမစိုက်တဲ့မောင်နဲ့ မောင့်ရဲ့အရေးပေးမှုတွေ အားလုံးကို လိုချင်နေသော ခွန်း
နည်းနည်းမှ အဆင်မပြေ
အချိန်တိုင်း ခွန်း ဒေါသထွက်ရသည်ပင်။
သို့ပေမယ့် မောင်က လူမမာတစ်ယောက်ဆိုတဲ့စိတ်နဲ့ ခွန်းအတတ်နိုင်ဆုံးစိတ်ကို ဆွဲဆန့်ပေးနေရသည်။

မောင်ရဲ့ အရေးပေးမှု အရေးစိုက်မှု မောင့်ရဲ့ ဂရုစိုက်မှုတွေ အားလုံးကို ခွန်းသာလိုချင်သည်။
ကလေးဆန်မှန်းသိပေမယ့် တစ်ခါတစ်ရံ ခွန််းထက်ပို၍ အရေးပေးနေသော သက်မဲ့ပန်းအိုးတစ်လုံးကိုပင် မကျေနပ်တော့။

အခန်းရှေမှာရပ်နေတာ အတော်ပင်ကြာပြီ။
ခွန်းတံခါးဖွင့်၍ ဝင်လိုက်ပါသည်။
ထင်တဲ့အတိုင်းပင် မောင်က အပြင်ဘက်ကိုကြည့်ရင်ကြည့် မကြည့်ရင် ပန်းအိုးလေးကို ဂရုစိုက်နေမည်။

ပန်းအိုးကို ဆေးဖြန်းနေသည့်မောင်။
မကြီးလွန်း မသေးလွန်းသည့် အဖြူရောင်ပန်းအိုးလေး တစ်လုံး။
အရွက်တွေကို ကြည့်ရတာတော့ နှင်းဆီပန်းဖြစ်မည်။
ဘာရောင်လဲတော့ ခွန်းမသိ။
အခုထိ မပွင့်သေး။

"မောင် ခွန်းမောင်ကြိုက်တဲ့ဟင်းတွေ ချက်လာတယ်
မောင်စားဖို့ ပြင်လိုက်ရတော့မလား"

နည်းနည်းလေးမှ အရေးမစိုက်။
ဝမ်းနည်းသည် စိတ်တိုသည်။

တစ်ခါတစ်ရံ ရူးမိုက်စွာ မောင့်ရဲ့အာရုံစိုက်မှုရဖို့ အဲ့ပန်းအိုးကို ခွဲပစ်ချင်စိတ်တောင် ပေါက်လာသည်။
ဒါပေမယ့် ပင်ပန်းနေတဲ့သူကို ထပ်နာကျင်အောင်မလုပ်ရက်တော့။
ခွန်းရဲ့ ကလေးဆန်တဲ့ အတွေးတွေကိုသာ ရပ်တန့်လိုက်ပါသည်။

You had me at helloWhere stories live. Discover now