Part 68

2.5K 96 0
                                    

Uni

"မမကြီး ခွန်း ဝင်လာမယ်နော်"

" ........ "

"မမကြီးအတွက် ဆေးနဲ့ ရေ"

မမလက်ထဲသို့ ဆေးကိုထည့်ပေးလိုက်သည်။
ဆေးသောက်ပြီးသော် ရေခွက်အား ပေးကာ ဘေးမှာ ကြည့်နေမိသည်။
ဖန်ခွက်ကို ယူ၍ ဘေးသို့ချထားလိုက်သည်။
ခွန်း စကားပြောချင်သေးသည်။

"မမကြီး ခွန်းကို စိတ်ဆိုးနေလားဟင်"

မမကြီးက ခွန်းဘက်သို့ စောင်းငဲ့ကြည့်လေသည်။

"ခွန်း

မမရဲ့ လုပ်ရပ်တွေက မှားတယ်လို့ ခွန်းထင်လား"

"မမှားပါဘူး
မမှားမှန်း ခွန်းသိပါတယ်
ခွန်းကိုယ်တိုင်လည်း ဒီလို ရွေးချယ်မှုမျိုးကို ရွေးချယ်ခဲ့တာပါ

ဒါပေမယ့် ခွန်းအတွက် ခက်ခဲလွန်းလို့ပါ
ဆက်မရွေးချယ်နိုင်အောင် ရွေးချယ်ဖို့ ခက်ခဲနေလို့"

"အေးလေ
ခွန်းက ကာယကံရှင်ပဲ ခက်ခဲမှာပေါ့"

"ဟုတ်ပါတယ် မမကြီး
သူ့ဆီက ရှောင်ထွက်ဖို့ ခွန်းအတွက်သိပ်ကို ခက်ခဲပါတယ်
ခွန်းမလုပ်နိုင်ဘူး"

"ခွန်း အဲ့ဒီကောင်လေးကို သိပ်ချစ်တာပဲလား"

"ရှင်"

မမကြီးက ခွန်းမျက်ဝန်းတွေကို သေချာစိုက်ကြည့်လျက် အဖြေရှာနေသည်။
ဘာတွေ့လိမ့်မည်နည်း။

"ပြောပါ ခွန်း
ခွန်းနှုတ်က ပြောတာကို မမကြီးကြားချင်တယ်"

အတတ်နိုင်ဆုံး စိတ်ထိန်းလျက် အေးဆေးစွာ ပြောနိုင်အောင် ကြိုးစားရသည်။
မမကြီးရှေ့မှာ ဘယ်လိုများ သူ့ကိုချစ်တဲ့ အကြောင်းတွေကို........

"ခွန်း...... ခွန်းလေ.....
ခွန်း သူ့ကို သိပ်ချစ်တယ်......

ခွန်းဘဝမှာ ချစ်ရတဲ့ ယောက်ျားဆိုလို့ သူတစ်ယောက်ပဲရှိတယ်လို့ ဆိုနိုင်အောင်အထိ ခွန်းသူ့ကိုချစ်ပါတယ်"

မမကြီး မျက်ဝန်းတွေကို အတတ်နိုင်ဆုံး ကြိုးစားရင်ဆိုင်လိုက်သည်။
ရင်မဆိုင်ဝံ့အောင်လည်း ခွန်းက အမှားတွေ ကျူးလွန်နေတာမှ မဟုတ်ပဲ။
ခွန်းက အားနာနေရုံသာ.......

You had me at helloWhere stories live. Discover now