Part 5

4.5K 180 0
                                    

Uni

ကားလေးဟာ ပြည်မြို့၏ လူဦးရေ ထူထပ်သော မြို့တည်း တစ်နေရာသို့ ရောက်ရှိလာပါသည်။
အထပ် ၃ ထပ်ဖြင့် ဆောက်လုပ်ထားသည့် ဆွဲဆောင်မှုရှိလှသော ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ပါသည်။

'သံသာ အထည်ဆိုင် '

"ညီမလေးလာ ဆိုင်ထဲဝင်မယ်"

ခွန်း ဆိုင်အား သေချာကြည့်နေမိပါသည်။
ဆိုင်ကို အထပ် ၃ ထပ်ဖြင့် ဆောက်လုပ်ထားသည်။
ဆိုင်အတွင်းတွင် အလင်းရောင် ကောင်းကောင်းရ၍ မှန်ချက်များဖြင့်သာ ကာထားသည့်အတွက် လမ်းသွားလမ်းလာများ ဆိုင်အတွင်းသို့ ကောင်းကောင်း မြင်နိုင်သည်။

ပထမထပ်တွင် ပုံမှန် အစမျိုးစုံ ပြသထားသည်။
ဒုတိယထပ်တွင် ချည်ထည်နှင့် ရက်ကန်းထည်အများအပြားကို ရောင်းချသည်။
တတိယ အပေါ်ဆုံး ထပ်တွင် ပိုးထည်နှင် ချိတ် ပွဲနေပွဲထိုင် အစများကိုသာ ထားရှိသည်။

ဦးတည်ချက်တစ်ခုတည်း သတ်မှတ်၍ လာဝယ်သော customer များသည် ကိုယ်လိုချင်သော အစ အမျိုးအစားရှိသည့် အထပ်သို့ တန်းသွားနိုင်သည်။
အထပ်တိုင်းတွင် အရောင်းဝန်းထမ်းမလေး ၂ ဦးစီ ထားရှိသည်။

ရေခဲသေတ္တာတစ်လုံးနှင့် ခုံတစ်ချို့အား အထပ်တိုင်း၏ ဘေးထောင့်တွင် ထားရှိသည်။
ဝယ်ယူသူနှင့်အတူပါလာသော လူများသည် ထိုနေရာများတွင် ထိုင်စောင့်နိုင်သညိ။

"အင်း ဆိုင်ရဲ့ဖွဲစည်းပုံလေးကလည်း မဆိုးဘူး
ခင်းကျင်းပြသထားတာတွေလည်း ရှင်းရှင်းလင်းလင်းနဲ့ ဆွဲဆောင်မှုရှိတယ်
wow မမတို့ တကယ်တော်တာပဲ
ဒါနဲ့ အရောင်းရော သွက်ရဲ့လား မမ"

"အရောင်းက အရမ်းကြီးသွက်တယ်လို့တော့လည်း မဟုတ်ဘူး ခွန်းရဲ့
ဒါပေမယ့် ပုံမှန်လာနေကျ ဖောက်သည်နဲ့ စျေးဝယ်သူတွေကတော့ နေ့တိုင်းမပျက်ပါဘူး
အရင်တုန်းက မမစက်ချုပ်ဆိုင်လေး ဖွင့်တုန်းက ဖောက်သည်တွေက အခုဆိုင်ဖွင့်တော့လည်း လာအားပေးကြပါတယ်
မမတို့လည်း လူ့ဘဝသက်တမ်းရဲ့ ၃ ပုံ ၂ ပုံ နီးပါးလောက်ကို အသုံးပြုပြီးသွားပြီလေ
ကျန်ရှိနေတဲ့ သက်တမ်းကိုတော့ ပုံမှန်ဝင်ငွေရတဲ့ ဒီဆိုင်လေးနဲ့ ဘုရားတရားလေးလုပ်ရင်းနဲ့ပဲ ကုန်ဆုံးတော့မယ်
အရမ်းကြီး ပင်ပန်းခံပြီး ကုန်းရုန်းပြီးတော့လည်း ရှာမနေချင်တော့ပါဘူး"

You had me at helloWhere stories live. Discover now