Part 66

2.6K 101 8
                                    

Uni

"မောင်.....

ခွန်းတို့.....ခွန်းတို့......

ကလေးယူကြရအောင်"

အရှက်နဲ့ ဂုဏ်သိက္ခာကို ဥပေက္ခာပြု၍ ပြောရသော စကားတစ်ခွန်း
မောင် ခွန်းကို ဘယ်လိုထင်မြင်ချက်မျိုး ပေးမည်နည်း။

ငြိမ်သက်သွားသော မောင့်ကိုယ်ပေါ်မှထ၍ ခေါင်းငုံ့နေရင်း မောင့်ကို စူးစမ်းနေမိသည်။
အံ့သြခြင်းနဲ့ ထူးဆန်းခြင်း ပြည့်နေသော မောင့်မျက်နှာပေါ်သို့ ဒေါသနှင့် နာကျည်းရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

မောင် ခွန်းကို အထင်သေးသွားပြီလား.......

"မောင် မောင် ခွန်းကို ဒီစကားမျိုးပြောလို့ အထင်သေးသွားပြီလား
ခွန်းလည်း လွယ်လွယ်ကူကူပြောခဲ့ရတဲ့ စကားတစ်ခွန်း မဟုတ်ပါဘူး
အဲ့တာကြောင့် ခွန်းကို အထင်မသေးပါနဲ့..."

ကျောခိုင်းနေရာက လှည့်မကြည့်သူ
ခွန်းပြောတာ ဘာတွေများမှားယွင်းသွားလို့လဲ

"မောင့် ဘာလို့ ခွန်းကို လှည့်မကြည့်ရတာလဲ
ကလေးယူမယ်လို့ပြော.....

"ခွန်းသံသာချို..... !!!"

ချက်ချင်းလှည့်လာ၍ ခွန်းပုခုံးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လာသူ
မောင့်မျက်ဝန်းမှာ ဒေါသ နာကျည်းမှု စိတ်မကောင်းဖြစ်မှု တွေ ရောယှက်နေပါရော့လားးးး

"မင်းကွာ......"

ဆုပ်ကိုင်ထားသော ပုခုံးနှစ်ဖက်ကို ဖြေလျော့၍ တစ်ဖက်လှည့်သွားသူ
မောင် ဘာတွေ ဖြစ်နေတာလဲ

"ခွန်းပြောတဲ့ အထဲမှာ ဘာများအမှားပါသွားလို့လဲ"

"........."

"မေးနေတယ်လေ ဘာများမှားသွားလို့လဲလို့"

ရှက်စိတ်နဲ့ ဒေါသကြောင့် ခွန်းလည်း ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့ပါ
မောင်ရှေ့သွား၍ မောင့်မျက်နှာကို တည့်တည့်ကြည့်၍သာ မေးလိုက်သည်။

"ပြောလေ"

"မင်း ငါ့အချစ်ကို ဘယ်လိုတန်ဖိုး ဖြတ်ထားရပြန်ပြီလဲ
ငါက ဆန္ဒတွေကိုချည်း တောင့်တနေတဲ့ ယောက်ျားတစ်ယောက်လား
တဏှာရာဂကိုပဲ မက်မောနေတဲ့ ယောက်ျားတစ်ယောက်လို့လား

You had me at helloWhere stories live. Discover now