Part 8

3.9K 170 3
                                    

Uni

မြန်ဆန်ပြီးတည်ငြိမ်သော ခြေလှမ်းတွေနဲ့ ရုံးခန်းအတွင်းသို့ ဝင်လာခဲ့သည်။
ရှုပ်ထွေးနေသော စိတ်အစဥ်အား အနားပေးရန် မျက်လုံးမှိတ်၍ နောက်သို့လှဲချရသည်။

မနက်စောစောပြန်ရောက်ပြီး မနားဘဲ company လာခဲ့သည်။
company တွင် စိတ်တိုစရာ ကိစ္စများ တွေ့လိုက်သောအခါ ရင်ဝ စောင့်ကန်လိုက်သလိုပင် တကယ်ကို ပင်ပန်းရသည်။

ခဏတာ မျက်လုံးများမှိတ်ပြီးနောက် မိမိအား အမှန်တကယ်ပင် စိတ်သက်သာစေသော အရာကို သိလိုက်သည်။
မိမိ၏ အကြည်ဓာတ်လေးကလွဲ၍ မည့်သည့်အရာမှ စိတ်သက်သာရာ ရစေမည်မဟုတ်။

စားပွဲပေါ်တွင် ရှိသော ဓာတ်ပုံလေးအား သေချာ ကြည့်လိုက်သည်။
အမျိုးသမီးငယ်လေးက အပူအပင် ကင်းမဲ့စွာ အေးချမ်းစွာ ပြုံးရယ်နေလေသည်။
တကယ်ကို အကြည်ဓာတ်လေးပငိ။

ယခင်က ပူလောင်နေသော စိတ်အစဥ်သည် မီးကိုရေနဲ့ ငြိမ်းသကဲ့သို့ အေးမြသွားလေသည်။
နောက်ကျိနေသော စိတ်အစဥ်သည်လည်း တစ်ခဏအတွင်းပင် ကြည်လင်သွားလေသည်။

ထိုအမျိုးသမီးလေးသည် သည်လောက်ထိ မိမိစိတ်အား လွှမ်းမိုးနိုင်လေသည်။

"ဒေါက်... ဒေါက်.....”

"ဝင်ခဲ့”

"ဥက္ကဌ ဒါ ဥက္ကဌ ​စစ်ရမယ့် စာရွက်စာတမ်းတွေနဲ့ လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းတွေပါ
နောက်ပြီး ဒါ ဒီနေ့လည်အတွက် schedule ပါ”

"ကောင်းပြီ ထားခဲ့လိုက်”

"နောက်ပြီး မခွန်းသံသာချိုက ဥက္ကဌကို တွေ့ခွင့်တောင်းနေပါတယ်”

"မနက်ဖြန် သူ့ project ကို အစည်းအဝေးမှာတင်ပြမှာနော်”

"ဟုတ်ပါတယ် ဥက္ကဌ”

"ကောင်းပြီ ဒါဆို မနက်ဖြန်မှ တွေ့တာပေါ့”

"ဒါပေမယ့် ဥက္ကဌ သူက......

သုတ သုတ မင်းတော်တော်လျှာရှည်ပါ့လား
သုတ ကိုယ့်ပါးစပ်ကိုသာ ဖြတ်ရိုက်ပစ်ချင်ပါသည်။
သူဌေး၏ အကြည်စူးစူးတွေက ဒီနေရာမှာ ပြာကျသွားဖို့ လုံလောက်ပါသည်။
ဘာလို့ သွားပြီး အထွန့်တတ်မိပါလိမ့်။

You had me at helloWhere stories live. Discover now