Extra 5

5.3K 100 1
                                    

Uni

"အမရာ ကိုပြောတာကို နားထောင်ကွာ"

"ဟင့်အင်း"

"အမရာ

ကိုယ့်ကို စိတ်တိုအောင် မလုပ်နဲ့ကွာ

မင်္ဂလာပွဲက အကြာကြီးလေ
လိမ္မာပါတယ်ကွာ နော်"

"ဟင့်အင်း"

"အမရာမုန်းးးးး!!!

ပြောစကားနားထောင်"

"မထောင်နိုင်ဘူး"

ဘယ်လိုပြောပြော မရပါလား
စိတ်ရှိလက်ရှိ လုပ်လိုက်ရရင်တော့ကွာ

"အမရာ
လိမ္မာပါတယ်
အမရာလေးရယ် နော်

ကိုကို့စကားကို နားထောင်ပါ
နားထောင်ပါလို့

အချစ်ကလေးကလည်းကွာ
မဆိုးပါနဲ့နော်"

"အဲ့တာ ဘာရုပ်လဲ"

ကိုယ့်အသက်မှ ကိုယ်အားမနာ
လုပ်နေတဲ့ ရုပ်ကိုက
ချစ်ဖို့လည်း မကောင်းပဲနဲ့
ရုပ်ဆိုးကြီး

"မျက်စောင်းမထိုးပါနဲ့ ကိုကို့အချစ်ကလေးရဲ့
အချစ်ရဲ့ မျက်စောင်းတစ်ချက်မှာ ကိုရူးသွားနိုင်တယ်ကွ"

"ဟွန့် အပိုတွေ"

"ကဲပါ အချစ်ရယ်
ကိုကို့စကား နားထောင်နော်

မင်္ဂလာပွဲမစခင် တစ်ခုခုစားလိုက်နော်
မဟုတ်ရင် အရမ်းဗိုက်ဆာနေမှာကွ နော်

ဗိုက်ထဲက ကလေးလေးအတွက်လည်း တွေးပေးရမယ်လေကွာ နော်"

"တ နော် နော် နဲ့
ဘာဖြစ်နေတာလဲ

ဘာမှ မစားချင်ပါဘူးဆို"

"နည်းနည်းလေးဖြစ်ဖြစ် ဝင်အောင် စားလိုက်ပါ
နည်းနည်းလေးပဲ နည်းနည်းလေးပဲလေ"

လက်မနှင့် လက်ညိုးကို သုံးပြီး နည်းနည်းလေးဟု လုပ်ပြနေသည့်ပုံက ချစ်စရာကောင်းသလို သနားဖွယ်ကောင်းသည်။

ဖြစ်နိုင်ရင် ဘာမှကိုမစားချင်
အစာမြင်တာနဲ့တင် လူကပျို့နေပြီ။

ဒါပေမယ့်လည်း ကြိတ်မှိတ်ပြီးစားလိုက်ပါမယ်လေ
ဒီလောက် စိတ်ရှည်ရှည်နဲ့ တောင်းပန်နေတာ ကို သနားပါတယ်။

You had me at helloWhere stories live. Discover now