Part 46

2.5K 107 6
                                    

Uni

တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်အကြာကြီး စွဲလမ်းတယ်ဆိုတာ သိရသည့်အတွက် ခွန်းအရမ်း ပျော်ရွှင်ပါသည်။
တခြားအရာတွေကို ဂရုစိုက်ပြီး သူ့ကိုလျစ်လျူရှုမိခဲ့သည့်အတွက်လည်း ပြန်စဥ်းစားတိုင်း တကယ်ကိုပင် ဝမ်းနည်းရသည်။

ထို့ကြောင့် သူ့ကို ငြင်းဆိုလျက် သနားလို့ လိုက်လျောပေးနေမိသည်။
ဒါပေမယ့် ခန့်ညားထည်ဝါက ရလေ လိုလေပင်။

ချစ်သူမဖြစ်ခင်က လူကြီးလူကောင်း ဆန်သလောက် ချစ်သူဖြစ်သွားပြီးမှ အခွင့်ရေးသမား လုံးလုံး ဖြစ်နေသည့်ဟု ခွန်းထင်သည်။
နှစ်နှစ်ဆယ်ကျော် စွဲလမ်းခဲ့သမျှကိုပင် အတိုးချယူနေသလို။

နှုတ်ခမ်းတွေ မပျောက်မပြဲသည့်နေ့ဆိုတာ တစ်နေ့မှပင် မရှိ။
အမရာ့ကို ဆုံးမခဲ့သမျှ ခွန်း ကိုယ့်ကိုကိုယ်ပင် မဆုံးမနိုင်တော့။

အခုလည်း ထမင်းစားဖို့သာ အောက်ထပ်ဆင်းလာခဲ့ရသည်။
ခန့်လန့်လန့်ပင်

"မမလေး ထမင်းစားဖို့ အဆင်သင့်ပြင်ထားပြီးပြီ"

"အင်း"

"ထိုင်ပါ မမလေး"

"နှင်းရည် ဟိုတစ်ယောက်ရော"

"အခန်းထဲမှာနဲ့ တူတယ် မမလေး
ထွက်လာတာမတွေ့သေးဘူး"

သူ့ကိုမစောင့်ပဲ စားထားလျှင် ဘာမှတော့ ​ပြောမည်မဟုတ်။
ဒါပေမယ့် သူက မစားပဲ နေလိုက်မည်။
သွားခေါ်ရအောင်လည်း....

"နှင်းရည် သွားခေါ်လိုက်ဦး"

"ရှင် ဟုတ်"

နှင်းရည်ကို ခေါ်ခိုင်းဖို့သင့်တော်ပါ့မလား

"ခဏ"

ခွန်း ကိုယ်တိုင်သွားခေါ်ဖို့ မတ်တပ်ထလိုက်သည်
ဒါပေမယ့် လူရှေ့တောင် လစ်ရင်လစ်သလို အလွတ်မပေးတတ်သူကို သူ့အခန်းထဲ သွားခေါ်မည်ဆိုလျှင် ခွန်းလောက် မိုက်မဲမည့်သူ မရှိ။

"ဒေါ်ကြီးရော"

"မမကြီးတို့ကို ထမင်းချိုင့်သွားပို့တယ်"

ဘာလုပ်ရမည်နည်း

"မမလေး မမလေးကိုယ်တိုင်ပဲ သွားခေါ်လိုက်ပါ
အကိုလေးက မမလေးလာခေါ်ရင် အရမ်းသဘောကျမှာ"

You had me at helloWhere stories live. Discover now