Part 63

2.5K 95 4
                                    

Uni

"ခန့်ညား မင်းတကယ်ပြောနေတာလား
ခွန်းရော သိပြီးပြီလား
သူ သိရင် အရမ်းဝမ်းသာမှာ"

အရာအားလုံးကို ပြန်၍ သတိရသူက ပျော်ရွှင်ပုံမပြ။
တည်ငြိမ် လှသည်။

"မသိသေးဘူး
မင်းနဲ့ သုတကလွဲပြီး ဘယ်သူမှ မသိသေးဘူး"

"ဘာလို့လဲ
မင်း ခွန်းကိုအရင်ဆုံး ပြောပြချင်တာ မဟုတ်ဘူးလား

နောက်ပြီး မင်းမေမေ"

"ငါ သူတို့ကို သိစေချင်ပါတယ်
ဒါပေမယ့်......

မင်းသိလား
အတိတ်တွေက နည်းနည်းတော့ နာကျင်ဖို့ကောင်းတယ်
ဒီအတိတ်တွေနဲ့ နေသားကျအောင် ကြိုးစားရမယ်
နောက်ပြီး တင်းနေတဲ့ ကြိုးတွေကို လျှော့ပေးရဦးမယ်"

"မင်း ဘာကိုဆိုလိုချင်တာလဲ"

"ငါ သူတို့ကို မပြောသေးဘူး

တကယ်လို့ ငါသာ အတိတ်တွေကို ပြန်သတိရနေတာကို ခွန်းသိရင်
ခွန်း ငါ့အနားမှာ ဆက်နေပါ့မလား

မေမေကရော ဒီအတိုင်း လွတ်ထားပါ့မလား"

"အေး အဲ့တာလည်း ဟုတ်တာပဲ"

"လူတွေက ရယ်ရတယ်ကွ

တစ်ယောက်ကလည်း သူချစ်ရတဲ့ မိသားစုအတွက် သူ့မာနနဲ့ ဂုဏ်သိက္ခာအတွက်
တစ်ယောက်ကလည်း သူသိပ်ချစ်ရတဲ့ သားအတွက်တဲ့

စဥ်းစားကြည်စမ်းပါဦး
သူတို့တွေ ငါ့အတွေးကို နည်းနည်းလေးတောင် မမေးခဲ့ဘူး

ယုံကြည်ရာတွေကိုပဲ ရွေးချယ်သွားကြတယ်
တစ်ပါးသူအတွက်လို့ ခေါင်းစဥ်တပ်ကြပေမယ့် တကယ်တော့ သူတို့မာနအတွက်ပါပဲ"

"မင်း သူတို့အနားက ထွက်သွားချင်လား"

အဖြေကို ရင်တမမနဲ့သာ မေးလိုက်ရသည်။
ခေါင်းသာငြိမ့်ရင် သူဘယ်လို လုပ်ပေးရမည်မှန်းမသိ။

"ထွက်သွားချင်တာပေါ့ကွ
ငါ့အတွက် မတွေးပေးတဲ့သူတွေဘေးက ထွက်သွားချင်တာပေါ့

အဟက်"

ခန့်ညားက လှောင်ပြုံးတစ်ခုကို ပြုံးသည်။

"ဒါပေမယ့် ထွက်မသွားရက်ဘူး

သူက သူ့မိသားစုအတွက်လို့ ခေါင်းစဥ်တပ်ပြီး ငါ့အနားက ထွက်သွားပေမယ့်
ငါကတော့ ငါ့အတွက်လို့ ခေါင်းစဥ်တပ်ပြီး သူ့အနားက ထွက်မသွားရက်ပါဘူး"

You had me at helloWhere stories live. Discover now