Part 6

4K 168 2
                                    

Uni

ရှောင်လွဲလို့ မရတဲ့အရာတွေဆိုတာ ရင်ဆိုင်ဖြေရှင်းလိုက်တာ အကောင်းဆုံးမလား.....

"ခွန်း အခုတော့ နင်ဆုံးဖြတ် ပြီးပြီပေါ့"

"အင်း "

"ကောင်းပါတယ် အခု ငါနင့်ကို company ဖွဲ့စည်းပုံ အကြမ်းဖျင်း ရှင်းပြမယ်လေ"

"တစ်လွှာချင်းစီမှာ အမျိုးအစားတစ်ခုချင်းစီ အလိုက်ထားတာ
အဲ့ဒီထဲကမှ ဌာနတွေ အများကြီး ထပ်ခွဲသွားတာပေါ့
ဒီလိုလေ အောက်ဆုံးထပ်မှာဆိုရင် client တွေနဲ့ တွေ့ဆုံတဲ့နေရာ
ဒုတိယ ဆိုရင် architect
တတိယမှာ structural designer တွေ
နောက်တစ်ထပ်မှာ construction engineer
နောက်တစ်လွှာမှာ decoration designers တွေ
အဲ့ဒီ့ထဲမှာမှ လူနေအိမ်တွေ တိုက်ခန်းတွေ project တွေကို တာဝန်ယူတဲ့ ဌာနတွေ အသီးသီး ကွဲသွားတာပေါ့ဟာ"

"ဌာန တစ်ခုချင်းစီမှာ မန်နေဂျာတွေ ရှိတယ်ဟာ တစ်ခါ မန်နေဂျာတွေကို အုပ်ချုပ်မယ့် မန်နေဂျာချုပ်တွေလည်း ရှိတယ်"

"နောက်ပြီး အဲ့ဒီ့ ဌာနတွေအပြင် တခြား စီမံခန်ခွဲမှု ဌာနတွေ HR ဌာနတွေ online နဲ့ပတ်သတ်တဲ့ technology ဌာနတွေ အများကြီးပဲဟာ"

"ဒါဆိုနင်တို့ အပိုင်းက"

"ငါက financial management လေ"
(ငွေကြေးစီမံခန့်ခွဲမှု အတတ်ပညာ)

"ဌာနကရော"

"အဲ့မှာလဲ ဌာနတွေ အများကြီး ထပ်ခွဲထားသေးတယ်ဟာ company က ဆောက်လုပ်ရေးတစ်မျိုးပဲ လုပ်တာမဟုတ်ဘဲ
company က ဆောက်လုပ်ပြီး ငှားရမ်းထားတဲ့ shopping center တွေ
hotel တွေ ဆေးရုံတွေ
​တခြား K group အမည်ခံ လုပ်ငန်းတွေလဲ အများကြီးရှိသေးတယ်
အဲ့ဒီလုပ်ငန်းတစ်ခု​ချင်းစီရဲ့ ဝင်ငွေ ထွက်ငွေ တွေကို ဌာနတွေ ခွဲပြီး စီစစ်ပေးရတာပေါ့ဟာ"

"နင်က"

"အင်း အဲ့လို ဌာန တစ်ခုချင်းစီမှာ မန်နေဂျာ ကိုယ်စီ ရှိတယ်
ဌာန တစ်ခုချင်းစီရဲ့ မန်နေဂျာတွေ တင်ပြတာကို စီစစ်ပြီး ဒါရိုက်တာတွေ ဆီကိုပဲ ဖြစ်ဖြစ် သူဌေးဆီကိုပဲဖြစ်ဖြစ် မန်နေဂျာချုပ်က စီစစ်တင်ပြပေးရတယ်
ငါက finance ပိုင်းရဲ့ မန်နေဂျာချုပ်ပေါ့"

"Wow အဲ့ဒါဆို အဲ့မှာ အမြင့်ဆုံးပေါ့"

"အေး အဲ့လိုပဲ ပြောရမှာပေါ့
အော် ရောက်ပြီ
နင်လုပ်စရာရှိတာလုပ်ပြီးရင် ph ဆက်လိုက်နော်"

You had me at helloWhere stories live. Discover now