Part 70(final)

5K 119 8
                                    

Uni

ကြီးမားသော ပုံရိပ်ထင်ဟပ်သည့် မှန်ကြီးရှေ့တွင် အမျိုးသမီးတစ်ဦးက ထိုင်နေလေသည်။
သူမရဲ့ မျက်နှာပေါ်ရှိ ပြင်ဆင်ခြယ်သထားမှုများနှင့် သူမရဲ့ ကြည်နူးပီတိဖြစ်မှုနှင့်ပေါင်းစပ်လိုက်သောအခါ သူမဟာအလှပဆုံး သတို့သမီးတစ်ပါးပင်.......

"သမီးလေး"

"မေမေ"

မေမေက တစ်စုံတစ်ခုအတွက် စိတ်မအေးဖြစ်နေပုံ
မေမေ ဘာကိုစိတ်ပူနေမည်ဆိုတာ ခွန်းသိပါတယ်
မေမေဟာ လင်ကောင်းသားကောင်းမရခဲ့သည့်အတွက် ခွန်းအိမ်ထောင်ရေးကို စိတ်ပူသည်ပင်
မေမေ့ကို အပြစ်မပြောလိုပါ
ဒါဟာ ဖြစ်သင့်သော အတွေးတစ်ခုပဲမလား

"သမီး"

"ပြောပါ မေမေ
ခွန်းကို ဘာပြောချင်လို့လဲ"

"အဲ့ကလေးက သမီးကို သိပ်ချစ်မှန်း မေမေသိပါတယ်

ဒါပေမယ့် သမီးရယ်
လူ့စိတ်ဆိုတာ ပြောလို့ရတာမဟုတ်ဘူး

တကယ်လို့ သမီးကို ရိုက်တာနှက်တာတို့လုပ်ရင် ချက်ချင်း အိမ်ကိုပြန်လာခဲ့နော်
သမီးကို နှိပ်စက်ဖို့ဟန်ပြင်နေတာနဲ့ ဘာမှ သည်းခံစရာမလိုဘူးနော်

သမီးက ပညာလည်းတတ်တယ်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်
ဘာမှ တွေဝေနေစရာမလိုဘူးနော် ကြားလား သမီး"

မေမေရယ်.....

"တကယ်လို့ ကလေးတွေရရင်တော့
အေးပေါ့
ကလေးတွေ ရရင်တော့ သူတို့အတွက် တွေးပေးရမှာပေါ့

မဟုတ်ရင်တော့ ငြိမ်မခံနဲ့နော် သမီး
တစ်သက်လုံး နိုင်သွားမှာ"

တွေးစစပြောနေသော မေမေ့စကားတွေကို ခွန်းနားထဲကို သံရည်ပူလောင်းချနေသလို
မျက်ဝန်းထဲမှ မျက်ရည်တွေဟာ လျှံကျချင်နေပြီ
မေမေအနားသို့သွားကာ ခွန်း ဖက်ထားလိုက်ပါသည်။

"မေမေ့"

မေမေက ခွန်းကျောလေးကို ဖွဖွသပ်ပေးနေသည်။

"မေမေ ဘာမှ စိတ်မပူနဲ့နော်
ခွန်း.....
ခွန်းကို သူ အနိုင်ကျင့်မှာမဟုတ်ပါဘူး
သူ အနိုင်ကျင့်ရင်လည်း ခွန်းက ငြိမ်ခံနေမှာ မဟုတ်ဘူး မေမေ

You had me at helloWhere stories live. Discover now