Part 26

3K 132 1
                                    

Uni

မနက်ခင်းကတော့ ပုံမှန်အတိုင်း သာယာလှပနေပါသည်။

"hello"

"ခွန်း မမပါ"

"ဟုတ်"

"မမကြီး သက်သာသွားပြီ အဲ့ဒါ ခွန်းနဲ့ ph ပြောချင်လို့တဲ့"

"ဟုတ် မမ"

"hello မမကြီးလား
သက်သာသွားပြီလားဟင် အခုရော ဘယ်လိုနေသေးလဲ"

"သက်သာသွားပါပြီ ခွန်းရဲ့ နေလို့လည်း ကောင်းတယ်"

"တော်သေးတာပေါ့"

"တကယ်ကိုပဲ ပင်ပန်းပါတယ် ညီမလေးရယ် သူတို့နဲ့ တွေ့ရတာ"

"အရမ်းပင်ပန်းတာပဲလား"

"အင်း သိပ်ကို မွန်းကျပ်တယ် ခွန်း
ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး သူတို့နဲ့ တကယ်ကို မတွေ့ချင်ဘူး"

"ဟုတ်"

"​အေးလေ သူတို့နဲ့ ပတ်သတ်စရာ အကြောင်းမှ မရှိတာ တွေ့စရာ အကြောင်းလဲ မရှိပါဘူး ဟုတ်တယ်မလား ညီမလေး"

"ဟုတ်တာပေါ့ မမရဲ့ သူတို့နဲ့ ထပ်ပြီး ပတ်သတ်စရာ မလိုပါဘူး"

"အင်းပါ
ညီမလေးရော အဲ့မှာ အဆင်ပြေလား"

"ပြေပါတယ် မမ"

"နေရထိုင်ရတာရော ကျန်းမာရေးရော ဘယ်လိုလဲ"

"အကုန်လုံး အဆင်ပြေတယ် စိတ်မပူနဲ့နော်"

"ဟုတ်ပါပြီ"

"မမ ဘာပဲ ဖြစ်ဖြစ် အားမငယ်နဲ့နော် ခွန်း မမတို့ ဘေးနားမှာရှိတယ်"

"ယုံပါတယ် ခွန်းရယ် ကျေးဇူးလည်းတင်တယ်"

"ဟုတ်"

"ကဲ မမ ph ချလိုက်တော့မယ် ကျန်းမာရေးဂရုစိုက်နော်"

"ဟုတ်"

ဟုတ်တယ်လေ ဒါက ငါ့ရဲ့ ဘဝပဲ။
လုပ်ချင်တိုင်းလုပ်ခွင့်မှ မရှိပဲ။
ငဲ့ကွက်စရာ လူတွေရှိတယ်။

တစ်ကိုယ်ကောင်း မဆန်ချင်စမ်းပါနဲ့ ခွန်းသံသာချိုရယ်

အလုပ်သွားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
Taxi ငှားရမည်။

"တက် ကိုယ်နဲ့ လမ်းကြုံတာပဲ"

"မလိုပါဘူး"

You had me at helloWhere stories live. Discover now