Part 7

3.8K 163 16
                                    

Uni

"8:45"
"ok ဆင်းမယ်"

အမရာ အမြန်ဆုံးဆင်းလာခဲ့ပါတယ်။
ဒီနေ့မနက် ၉ နာရီ သူဌေးက company လာမယ်လို့ အကြောင်းကြားထားပါတယ်။
နေ့တိုင်းတော့ ဒီလိုကြိုစရာမလိုပေမယ့် အခုလို ခရီးဝေးက ပြန်ရောက်လာရင်တော့ ရှယ်ယာရှင်တွေ ဒါရိုက်တာတွေ မန်နေဂျာတွေ အကုန်ထွက်ကြိုရပါသည်။
အခုဆို company အောက်ဆုံးထပ်မှ လူဆုံနေလောက်ပါပြီ။

ဓာတ်လှေကားပွင့်သွားပြီ ဖြစ်တဲ့အတွက် ထွက်လာခဲ့ပါတယ်။
လျှင်မြန်သောခြေလှမ်း နာရီတကြည့်ကြည့်နှင့်ပင် company ရှေ့သို့ ပြေးရပါသည်။
ထောင့်ချိုးတစ်ခုတွင် အမရာ မာကျောတဲ့ အရာတစ်ခုနှင့် တိုက်မိသွားသယောင်
အရှိန်မထိန်းနိုင်ပဲ နောက်ကို လှန်ကျသွားသည်။
ကိုယ်ပေါ်သို့လည်း အရည်များကျလာသည်။
ဟင် ငါနောက်ပြန်လဲကျတော့မှာလား

'မဖြစ်ဘူး...... ငါ့ဂုဏ်သိက္ခာ..... '

ကြမ်းပြင်နှင့် မိတ်မဆက်သေးခင် သန်မာတဲ့ လက်တစ်စုံက ခါးတစ်လျှောက် ပွေ့၍ ထိန်းပေးထားသည်။
ဝေဝါးနေသော မျက်လုံးများကို အားယူကြည့်လိုက်သည့်အခါ မျင်ခုံးထင်းထင်း နှာတံစင်းစင်းနှင့် ပြုံးယောင်သန်းနေသည့် မျက်ဝန်းတစ်စုံ
အပေါ်နှုတ်ခမ်းပါးပါးနှင့် အောက်နှုတ်ခမ်းထူထူလေးက အံသြနေသယောင်

ဒီအနေအထားကြီးက အတော်ကြာသွားပြီဟု ကိုယ့်ကိုကိုယ်သတိချပ်မိသောအခါ အားယူ၍ အမြန်ရပ်လိုက်ပါသည်။
ထိုလူက တစ်ခုခုပြောဖို့ ပြင်နေတုန်းမှာ

"ဒီမှာ ရှင် လူတစ်ယောက်လုံးကိုမမြင်ဘူးလား"

"ဗျာ ကျွန်တော် ကျွန်တော်ဝင်တိုက်တာမဟုတ်ဘူးလေ"

"ဘာ ရှင် ဝင်မတိုက်ဘူးဆိုတော့ ကျွန်မက ဝင်တိုက်တာပေါ့ ဟုတ်လား "

"ဟုတ်တယ်လေ"

"ဘာ..."

"ကျွန်တော် ကျွန်တော်ဘာသာ ဒီလမ်းအတိုင်းလာတာလေ
မင်းက ရုတ်တရက် ထောင့်ကနေ ထွက်လာပြီး ကျွန်တော့်ကို ဝင်တိုက်တာလေ"

ဘာ ဟုတ်လား ငါဝင်တိုက်မိတာလား
ဟာ OMG ငါ့အင်္ကျီ
အင်္ကျီ၏ တစ်ဘက်ခြမ်းလုံးသည် coffee တွေစွန်းနေလေသည်။
ဒီပုံစံနဲ့ ဘယ်လိုလုပ်သူဌေးကို....

You had me at helloWhere stories live. Discover now