Part 43

2.6K 124 8
                                    

Uni

"မမလေး"

"အင်း နှင်းရည် ပြော"

"အောက်မှာ ဧည့်သည် ရောက်နေတယ်"

"ခွန်း သိတယ် လာပြီ"

"ဟုတ်"

"နှင်းရည်"

"ရှင်"

"ခွန်း ဒီဝတ်စုံနဲ့ ကြည့်ကောင်းရဲ့လားဟင်
အရောင်ကရော ကောင်းရဲ့လား"

"လှပါတယ် မမလေးရဲ့
မမလေး မြန်မာဝတ်စုံဝတ်တာ တစ်ခါမှ မမြင်ဖူးဘူး
အခုလို မြန်မာဝတ်စုံလေးနဲ့ ကျတော့လည်း လှတာပဲ"

"ဟုတ်ရဲ့လား
ခန္ဓာကိုယ် မရှိသလို ပိန်နေတာမျိုး ဖြစ်နေလားဟင်"

"မဖြစ်ပါဘူး မမလေးရဲ့
အဆီအပိုမရှိပဲ ချပ်ကပ်ပြီး ပိန်ပိန်ပါးပါး ပုံစံမျိုးလေးပါ
မမလေးက ခန္ဓာကိုယ် အချိုးအစား လှပါတယ်"

"ဆံပင်ကရောဟင်
ဒီလို တစ်ဝက်စည်းထားတာနဲ့ ကောင်းရဲ့လား
အကုန် စည်းရမလား
ဖာလျားချထားသလိုကြီး ဖြစ်နေလား"

"တစ်ဝက်စည်းထားတာပဲ ကောင်းပါတယ် မမလေးရဲ့
ယဥ်လည်း ယဥ်တယ်
လှလည်း လှတယ်"

"ဟုတ်လား"

"ဒါနဲ့ မမလေးက ဘာလို့ သနပ်ခါးလိမ်းထားတာလဲဟင်"

"သနပ်ခါးနဲ့ မလှလို့လား"

"မဟုတ်ပါဘူး မမလေးရဲ့ လှပါတယ်
တကယ့်ကို ဗမာမလေးပဲ
နှင်းရည်က သိချင်လို့ပါ"

"ဒါကတော့ လျှို့ဝှက်ချက်"

"ဟီး ဟီး
နှင်းရည်တော့ မမလေးအစားရင်တောင်ခုန်တယ်"

"ဒီကလေးမတော့

အော် ဖိနပ်
အနက်ရောင် ဖိနပ်လေး ထုတ်ထားပေးနော်"

"ဟုတ်ကဲ့ မမလေး"

ရင်ခုန်လိုက်တာ
ဘာလို့ ဒီလောက်ထိ ရင်ခုန်နေပါလိမ့်

အမုန်ဆုံး အလုပ်ကို ပြောပါဆိုလျှင် စောင့်ရသည့်အလုပ်
ဘယ်သူ့ကိုမှ မစောင့်နိုင်သလို ကိုယ့်ကလည်း ဘယ်သူကိုမှ စောင့်ရအောင် မလုပ်ခဲ့
စောင့်တယ်ဆိုတာ ခန့်ညားထည်ဝါ အမုန်းဆုံး အလုပ်ပင်

သို့ပေမယ့် ချစ်ရသူကို စောင့်ရတာ ဒီလောက်ထိ ကြည့်နူးဖို့ ကောင်းလိမ့်မယ်လို့ လုံးဝ မသိခဲ့
မနက်ကတည်းက ပါးစပ်စိမရတော့တာ အခုထိပင်
ညတုန်းက အိမ်မက်ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးရှိပေမယ့်
မနက်လင်းတော့ အမှန်တကယ်ဆိုတာ သိလိုက်ရချိန်
ခန့်ညားထည်ဝါ ပါးစပ်ပင် စိမရတော့
အကြောင်းပြချက်မဲ့စွာ ပြုံးနေတာပင်

You had me at helloWhere stories live. Discover now