Part 39

2.4K 99 0
                                    

Uni

တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မာတာ ဆိုသည့်စကားက လူ့ဘဝအတွက် အလွန်မှန်သောစကားပင်။
အသက်ရှင်နေထိုင်ခဲ့တဲ့ ဘဝတစ်ကွေ့မှာ လူတချို့နဲ့ တွေ့ရသည်။
အချိန်တန်တော့လည်း ခွဲခွာရပြန်သည်။

အခုလည်း တွေ့ဆုံခဲ့သည့် လူတစ်ချို့နှင့် ခွဲခွာ ရပြန်သည်။
ဝမ်းနည်းဖို့ ကောင်းပေမယ့် မခွဲခွာလို့မှ မရပဲ။
ဖြတ်သန်းခဲ့ရသော ဘဝတစ်လျှောက်မှာ ဒီလို ခွဲခွာခြင်းမျိုးတွေလည်း ခဏခဏကြုံတွေခဲ့ရတာပဲ။

ကောင်းသောခွဲခွာခြင်းမျိုး ဖြစ်ဖို့သာ အရေးကြီးသည်ဟု ထင်သည်။
ဒါဆို တစ်စုံတစ်ယောက်နှင့် ခွဲခွာ ရလျှင်ရော ကောင်းသော ခွဲခွာခြင်း ဖြစ်နိုင်ပါ့မလား။

ထိန်းချုပ်လို့ မရသော အရာများထဲတွင် အချစ်ဆိုသည့် အရာလည်း အပါအဝင်ပင် ဖြစ်သည်။

ဝေးကွာနေအောင်ကြိုးစားလျက်ပင် ပိုပိုနီးလာသည်။
အဝေးဆုံးရောက်အောင် ထွက်ပြေးနေပါလျက် အနီးဆုံးရောက်လာသည်။
ဖုံးကွယ်ဖို့ ကြိုးစားပါလျက် ဖွင့်ထုတ်ဖော်ပြမိ ပြန်သည်။

ဆက်ဆံရေးတစ်ခုမှာ အဖုအထစ် သေးသေးလေးတွေ ဖြစ်တာများလာလျှင် အက်ရာတွေများလာလျှင် အချိန်တန်လျှင် ပျက်စီးသွားမည်ဟု ယုံကြည်သည်။
ထို့ကြောင့်ပင် ထိုအဖုအထစ်တွေ ထိုအက်ရာတွေကို ကိုယ်တိုင်ဖန်တီးယူနေမိသည်။
ဘယ်လောက်ဖန်တီးယူယူ မပျက်စီးသွားသည့် ဆက်ဆံရေးကိုတော့ တကယ်ပင် စိတ်ပျက်မိသည်။

လူများစွာ၏ ချစ်ခြင်းနှင့် လေးစားခြင်းခံရအောင် ဘယ်လိုနေရမလဲ ဆိုတာသာ သင်ယူခဲ့သည်။
လူတစ်ယောက်၏ အမုန်းကို ဘယ်လိုရယူရမလဲတော့ မသင်ယူမိခဲ့။
မုန်းချင်သောသူက ဘယ်လိုနေနေ မုန်းနေသောကြောင့် ဖြစ်သည်။

ဒါပေမယ့်လည်း မတတ်နိုင်။
ထိုလူ၏ အမုန်းကို ရအောင်ယူရမည်သာ။
ထိုလူနှင့် ဝေးကွာဖို့ တခြားတစ်ယောက်ကို အသုံးပြုလို့ ရသည်ဆိုပေမယ့် အဲ့ဒီနည်းလမ်းကို နှလုံးသားက ခွင့်မပြုသလို ဦးနှောက်ကလည်း ခွင့်မပြု။

ထိုလူ၏ အမုန်းကို တစ်ခါတည်း ခံယူနိုင်မည့် နည်းလမ်းကိုလည်း မသိပါ။
ထို့ကြောင့် အဖုအထစ် အက်ရာသေးသေးလေးတွေကိုသာ ဖန်တီးယူနေမိသည်။
အချိန်တန်ရင် ကွဲပဲ့ပျက်စီး သွားဖို့သာ မျှော်လင့်ပါသည်။

You had me at helloWhere stories live. Discover now