Part 56

2.3K 97 6
                                    

Uni

ခမ်းနားလှသော အိမ်ကြီး၏ စာကြည့်ခန်းထဲတွင် ဦးမြင့်မိုရ်ထိုင်နေသည်။
အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း သူဟာ ဘာကိုမှ မသိသည့် လူကြီးတစ်ယောက်တော့မဟုတ်။

သူ့မိသားစု သူ့စီးပွားရေး အရာရာတိုင်းမှာ ဖြစ်ပျက်နေသည်များကို သိသည်ပင်။
သိလို့လည်း သူ့မှာ တားဆီးရမည့်အရာများစွာ ရှိသည်။

သူ့ရဲ့ဂုဏ်သိက္ခာ မထိခိုက်ဖို့ အရာအားလုံး အဆင်ပြေနေဖို့ အတိတ်တွေကို တူးဆွခွင့်မပြုနိုင်။

"ခန့်ညား မင်း ဘာဆက်လုပ်မှာလဲ"

"ရွေးစရာ မရှိတော့ဘူး
မေးဖို့က လွဲရင်"

"ဟုတ်တယ် အဲ့လူတွေကလည်း ဘာဖြစ်လို့လဲ
သူတို့ကို မက်လောက်စရာ ပမာဏလည်း ပေးထားတာပဲ

မဟုတ်မှ တစ်ယောက်ယောက် နောက်မှာ ရှိနေတာလား"

"ငါလည်း အဲ့လိုပဲထင်တယ်
တစ်ယောက်ယောက်က မသိစေချင်ဘူးနဲ့တူတယ်"

သုံးလ ဒီသုံးလအတွင်း သူအတိတ်တွေကို သိရအောင်စုံစမ်းခဲ့သည်။
သို့ပေမယ့် ဘာမှ မထူးခြား
ဘယ်သူကမှ ပြည့်ပြည့်စုံစုံမပြော ဝေဝေဝါးဝါးနဲ့

ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့
သူ့ကို ပြည့်ပြည့်စုံစုံ ပြောပြနိုင်မည့်သူဆီ သူသွားရမည်

"ဝင်ခဲ့"

တံခါးခေါက်သံကြားလို့ ဝင်ခိုင်းပြီး ဘာသံမှ မကြားရ

"ခန့်ညား ဘယ်ကဘယ်လို ရောက်လာတာလဲ
အကြောင်းမကြား ဘာမကြား"

"ကျွန်တော် အရေးကြီးလို့ ရုတ်တရက်လာဖြစ်သွားတာ ဘဘ"

"ဘာများလဲကွ"

"ကျွန်တော် ဘဘကို မေးချင်တာလေး ရှိလို့
ဘဘပဲ အပြည့်အစုံ ပြောပြနိုင်မယ်နဲ့တူတယ်"

"ဘာသိချင်တာလဲ"

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက သီတာချိုဆိုတဲ့ မိန်းကလေးတစ်ယောက် ဒီမှာ အလုပ်လုပ်သွားတယ်မလား

အဲ့ဒီအချိန်တုန်းက ဆိုင်ကရော အိမ်ကရော အလုပ်သမားတော်တော်များများ အလုပ်ထုတ်ပလိုက်တယ်
အဲ့တာ ဘာလို့လဲ ဘဘ

You had me at helloWhere stories live. Discover now