(1)

27K 1.4K 30
                                    

(Unicode)

နံနက်စောစောလေထုသည် လန်းဆန်းစေပြီး စိမ်းလန်းသော သစ်ပင်များသည် တဖြည်းဖြည်းရှင်းလင်းလာကာ မူလအရောင်များကို ထုတ်ဖော်ပြသလာလေသည်။ အစောပိုင်းနေရောင်၏အလင်းသည် မြုံနေသောတောင်များကိုနွေးရန် အချိန်မပေးနိုင်ပါချေ။ ခြေရာအစုအပြုံများက တောင်များ၏တည်ငြိမ်မှုကိုပျက်ပြားစေခဲ့ချေ၏။

"သူအဲ့မှာရှိတယ်, မြန်မြန်သူ့ကိုဖမ်း!"

လူတစ်ဒါဇင် သို့မဟုတ် လူငယ်လေးများသည် သစ်တောထဲတွင်ရှိသော တစ်စုံတစ်ခုကိုဖမ်းရန် အမောတကောပြေးလွှားနေကြလေသည်။ ရုတ်တရပ် သူတို့ထဲကတစ်ယောက်ဟာ ထူးဆန်းစွာထွက်ပြေးတိမ်းရှောင်နေသော ပုံရိပ်တစ်ခုကိုမြင်လိုက်ရာ စိတ်လှုပ်ရှားစွာပြောလာလေသည်။

"ချီးပဲ၊ စောင့်နေလိုက် ဒီလောင်ဇီကသူ့ကိုဖမ်းမိတဲ့အခါ သင်ခန်းစာကောင်းကောင်းပေးပစ်မယ်။သူကများ ငါ့လက်ထဲကထွက်ပြေးရဲတယ်ပေါ့လေ"

အသက် ၃၀ ခန့်အရွယ်ရှိ ကြမ်းတမ်းတဲ့မျက်နှာနဲ့လူကြီးတစ်ဦးသည် ဒေါသတကြီးဆူပူသောင်းကျန်းပြီး မခံမရပ်ဖြစ်နေပုံရလေသည်။ သူ၏မျက်လုံးများသည် သားကောင်ကိုမုန်းတီးစွာ စိမ်းစိမ်းဝါးဝါးကြည့်နေလေသည်။

ဒီစကားတွေကိုကြားရတဲ့အချိန်မှာ ရှုကျင်ထျန်းဟာ ပြန်လှည့်မသွားတော့ဘဲ နောက်ဆုံးလေကိုရှူရှိုက်ပြီး မြန်မြန်ဆန်ဆန်ပြေးသွားခဲ့လေ၏။ တောရိုင်းမြေဖြစ်သောကြောင့် သစ်တောထဲတွင်လမ်းများမရှိချေ။ ပေါင်းပင်များ လှပသောသစ်ပင်များနှင့် ပြည့်နှက်နေလေ၏။

ပေါင်းပင်များပြည့်နှက်နေသောကြောင့် ရှုကျင်ထျန်းသည် သူ၏လက်နှစ်ဖက်အား လမ်းဖွင့်စေရန် အတင်းအကျပ်စေခိုင်းနေလေတော့သည်။ သူသည် အမည်မသိမြက်တွေပေါ်သို့ ခြေလှမ်းလှမ်းလိုက်ပြီး ရူးသွပ်စွာဖြင့်ထွက်ပြေးလိုက်တော့သည်။

ထောင်တက်နေသောအကိုင်းများနှင့် အရွက်များက သူ့မျက်နှာနှင့် ခန္ဓာကိုယ်ကိုရိုက်မိပြီး အနီရောင်အစင်းရာများအဖြစ် ထွက်ပေါ်လာလေ၏။ သူ၏အရေပြားကိုခြစ်မိပြီး သွေးထွက်လာသည်အထိဖြစ်နေပါသော်လည်း ရှုကျင်ထျန်းသည် ထိုအရာများကိုသတိမထားမိခဲ့ပါချေ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now