(18)

3.4K 562 40
                                    

(Unicode)

"အွန်း...အွန်း!"

ရှုကျင်ထျန်းက သူ့လက်ကိုဆွဲလိုက်သည်။ ရှုကျင်ထျန်း၏အသံကို ကြားရသောအခါ ရှုဟန်ယွီကလှည့်ကြည့်လိုက်ရာ ထိတ်လန့်မှုများနှင့်အကူအညီတောင်းခံနေသည်ကို တွေ့လိုက်ရသည်။

သူသည်နူးညံ့သော အနီရောင်အသားကိုထိရန် လက်ကိုအသုံးပြုခဲ့သော်လည်း ရုတ်တရက်မမျှော်လင့်ဘဲ ထိုအရာသည် သူ့လက်ချောင်းကိုညှပ်ထားလေ၏။
အာ့...အရမ်းနာတာပဲ။ သူ့လက်တစ်ခုလုံး ပြားချပ်သွားတော့မယ်ထင်တယ်...

ရှုဟန်ယွီက လျင်မြန်စွာကူးခတ်သွားပြီး အခွံမာသတ္တဝါလေး၏ဘေးနှစ်ဖက်ကို လက်ဖြင့်ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်သည်။ ရှုကျင်ထျန်းရဲ့လက်ထဲက အခွံမာငါးဟာ သူ့ကြောင့်နှစ်ပိုင်းကွဲသွားခဲ့လေ၏။

ရှုဟန်ယွီသည် မိန်းမပျိုလေး၏လက်ကို သူ၏မျက်နှာအနီးသို့ဆွဲယူ စစ်ဆေးလိုက်သည်။ သူ၏လက်ချောင်းများက အနည်းငယ်နီနေပေမယ့် ကျိုးသွားတာတော့မဟုတ်။ မိန်းမပျိုလေးက အဘယ်ကြောင့်များ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပါသနည်း?

သို့သော်လည်း ရှုဟန်ယွီက သူ၏လျှာကိုသုံး၍ ရှုကျင်ထျန်း၏လက်ချောင်းကို ဂရုတစိုက်ဖြင့် အသာအယာလျက်လိုက်သည်။

ရှုကျင်ထျန်းမှာ အနည်းငယ်လန့်သွားလေ၏။ သူ့နှလုံးသားထဲ၌ သေးငယ်သောနူးညံ့မှုအခိုက်အတန့်လေးကို ရုတ်တရပ် ခံစားလိုက်ရသည်။ ရှုဟန်ယွီက သူ့ကိုအရမ်းဂရုစိုက်တာပဲလား? သူ့ကိုအဲ့ဒီလောက်တောင် သဘောကျတာလား?

ရှုကျင်ထျန်းက သူ့ဘာသာလျှောက်တွေးနေလိုက်သည်။ သူ(ဟန်ယွီ)က တစ်ခုခုကိုရစ်ပတ်ရတာ ဒါမှမဟုတ် ကိုင်ထားရတာကိုကြိုက်တယ်။ သူ(ဟန်ယွီ)ကြိုက်တဲ့အရာတစ်ခု ပျက်စီးသွားရင် နည်းနည်းတော့နောင်တရမှာပဲ။ ဒါပေမယ့် ဂရုစိုက်မှာတော့မဟုတ်ဘူး။ တကယ်လို့ ဖျက်စီးခံရရင်လည်း အသစ်တစ်ခုပြောင်းလို့ရတယ်။ ဒါပေမယ့် အိမ်မွေးတိရိစ္ဆာန်လို စောင့်ရှောက်နေတယ်ဆိုရင်တော့…
သူကအိမ်မွေးတိရိစ္ဆာန်မှမဟုတ်တာ။ သူမခံစားနိုင်တော့ဘူး ဝူး ဝူး ဝူး...

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now