(17.2)

3.2K 548 27
                                    

(Unicode)

တစ်ခုခုပေါက်ကွဲသွားသလိုပဲ သူ့ပါးစပ်ထဲရှိအရာက ပြတ်ပြတ်သားသားကွဲသွားသည်။ ထိုအရာက အတော်ပင်မာကျောပုံပေါ်သည်။ သို့သော်အတွင်းပိုင်းတွင် အစိုဓာတ်ပါ၀င်သဖြင့် လန်းဆန်းတောက်ပပြီး အငန်ဓာတ်အနည်းငယ်ရှိသည်။

"အိုး?" ရှုကျင်ထျန်းမှာ အလွန်အံ့သြသွားပြီး ရှုဟန်ယွီ၏လက်ကိုကိုင်ကာ ကျန်တစ်ဝက်ကျော်ကျန်ရှိသော ပင်လယ်ရေညှိကိုကြည့်ပြီး မယုံကြည်နိုင်လောက်အောင်ခံစားခဲ့ရသည်။

ရှုဟန်ယွီသည် မိန်းမပျိုလေးအားရစ်ပတ်ထားပြီး မိန်းမပျိုလေးက ထိုအရာကိုသဘောကျတာကိုမြင်တာနဲ့ သူလည်းအရမ်းပျော်သွားလေ၏။ တကယ်တော့ သူကဒီလိုရေနေအပင်မျိုးကို စားရတာမကြိုက်ဘူး။ ဤအရာသည် သူ၏အမွေခံမှတ်ဥာဏ်တွင် ငါးများစွာ၏အစာဖြစ်သည်။

"အရသာကောင်းလား?"

"အွန်း!"

ရှုကျင်ထျန်းသည် အောက်ဆီဂျင်အနည်းငယ်ချို့တဲ့နေပြီး သူ့ပါးစပ်ထဲရှိအစားအစာများကို အလျင်အမြန်မျိုချကာ ရှုဟန်ယွီ၏ ဖျော့တော့သောနှုတ်ခမ်းများနှင့် သူကိုယ်တိုင်ထိကပ်လိုက်သည်။

မိန်းမပျိုလေးသည် မကြာခဏထွက်ပြေးနေသဖြင့် ရှုဟန်ယွီသည် သူ၏ရည်ရွယ်ချက်များကို သိနေပြီဖြစ်သည်။ ဒီတခါတော့ ရှုကျင်ထျန်းရဲ့ခေါင်းကိုကိုင်ပြီး သူ့ကိုလွှတ်မပေးခဲ့ပေ။

မိန်းမပျိုလေး၏ပါးစပ်သည် အငန်အရသာအနည်းငယ်ရှိသည်။ ပင်လယ်ရေညှိ၏အရသာဖြစ်ပြီး မကောင်းပုံမပေါ်ပေ။ ရှုဟန်ယွီက တိတ်တဆိတ်စဉ်းစားလိုက်သည်။

"အွန်း!" ရှုကျင်ထျန်းက သူ့လျှာနဲ့ဖွဖွပုတ်လိုက်ပေမယ့် သူဘယ်လောက်ပဲကြိုးစားကြိုးစား ရုန်းမထွက်နိုင်ခဲ့ပေ။ မြွေကြီး၏လျှာသည် သေးသွယ်ရှည်လျားပြီး တင်းကျပ်စွာကွေးထားသဖြင့် သူ့ပါးစပ်ထဲရှိပင်လယ်ရေညှိနှင့်ပင်တူနေသည်။

ရှုကျင်ထျန်းသည် သူ့ကိုယ်သူမလွတ်မြောက်နိုင်မှန်း နားလည်သွားပြီး ရှုဟန်ယွီအား လုပ်ချင်ရာလုပ်ဖို့ ခွင့်ပြုလိုက်ရသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now