(16)

3.4K 598 29
                                    

(Unicode)

ရှုကျင်ထျန်းမှာ ရုတ်တရက်အောက်သို့ဆွဲခေါ်ခံရတာ ကြောင့် ခဏအကြာတွင် အသက်ရှူကျပ်နေပြီဖြစ်သည်။ ရှုဟန်ယွီသည် အပေါ်သို့ပြန်တက်ရန် ရည်ရွယ်ချက်မရှိဘဲ အောက်သို့ဆက်ဆင်းနေသည်ကိုမြင်သောအခါ အမှန်ပင်ထိတ်လန့်ထိတ်လန့်သွားလေ၏။

"အွန်း ~"

မဟုတ်ဘူး...သူသေသွားလိမ့်မယ်!

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏နှိပ်ကွပ်မှုမှရုန်းထွက်ရန် ကြိုးစားရုန်းကန်လာသည်။ သို့သော်သူ၏ခုခံမှုသည် သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်သောပိုးစုန်းကြူးလိုပင် လုံးဝကိုအသုံးမ၀င်ချေ။ သူက ရှုဟန်ယွီကို စိတ်အနှောက်အယှက်ဖြစ်ပေးလိုက်သလို ဖြစ်သွားပြီး ပိုလို့တောင် အောက်ကိုဆွဲချခြင်းခံလိုက်ရသည်။

" ဝူး!"

ရှုကျင်ထျန်း၏ရင်ဘတ်သည် ပေါက်ကွဲထွက်တော့မည်ဟုခံစားလိုက်ရပြီး ရှုဟန်ယွီကိုတွန်းလှန်ရန် သူ၏နောက်ဆုံးခွန်အားကိုသုံးလိုက်သည်။ အရှိန်မြှင့်ရန် ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ခါးကိုပွေ့ကာ ခြေထောက်များကိုဆွဲလိုက်သဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဇောက်ထိုးကဲ့သို့ဖြစ်သွားလေ၏။

မြွေကြီးက သူ့ခြေထောက်များကို ဆုပ်ကိုင်ထားသော်လည်း ရှုကျင်ထျန်းသည်သံမှိုကဲ့သို့ သူ့ခြေထောက်များကိုဆွဲမထုတ်နိုင်ဘဲ အောက်ခြေသို့ဆွဲချခြင်းခံနေရခြင်းကို မျက်လုံးကျယ်ကျယ်ဖြင့်သာကြည့်နိုင်သည်။

ရှုဟန်ယွီက မရည်ရွယ်ဘဲလုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သလို လူတိုင်းကသူ့လိုရေထဲမှာ အသက်ရှူနိုင်တယ်လို့ထင်ခဲ့ပုံရသည်။ သို့သော်ဤအရာသည် သူ့အတွက်ဆိုးရွားသည့် အကျပ်အတည်းဖြစ်ခဲ့ပြီး ရှုကျင်ထျန်းမှာ အလွန်နောင်တရခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က သူတို့အကြား လုံခြုံစိတ်ချရသောအသံများက သူ၏အာရုံကြောများကိုနှိုးဆွပေးခဲ့ပြီး ရှုဟန်ယွီသည် ခြွင်းချက်မရှိရက်စက်ကာ အင်အားတောင့်တင်းသော မြွေကြီးဖြစ်သည်ကို မေ့သွားခဲ့သည်။

ရှုကျင်ထျန်းသည် သူ့တွင်ရုန်းကန်ရန် စွမ်းအင်မရှိတော့သည့်တိုင်အောင် အားပျော့လာသည်။သူ၏အာရုံစူးစိုက်မှုအားလုံးသည် အလွန်နာကျင်နေသော အဆုတ်ပေါ်တွင်သာ ရောက်နေသည်။ သူပါးစပ်ကိုဖွင့်ကာ အသက်ပြင်းပြင်းရှူချင်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Tempat cerita menjadi hidup. Temukan sekarang