(45.2)

3.5K 546 47
                                    

(Unicode)

ရှုကျင်ထျန်းမှာ အရမ်းစားပြီးသွားပြီဆိုတော့ ဗိုက်နည်းနည်းတင်းသွားပြီ။ သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့ ဖောင်းကားနေသောဗိုက်ကြီးသည် ပထမဆုံးပေါ်လာပြီး သူ၏မျက်နှာမှာ မည်းမှောင်သွားလေ၏။

ရှုကျင်ထျန်းက သူ့ဗိုက်ကို လျစ်လျူရှုပြီး သူကိုယ်တိုင်ယက်လုပ်ထားတဲ့အဝတ်အစားအသစ်ကို ကြည့်ဖို့ကြို့စားလိုက်တယ်။ ဒီအဝတ်အစားတွေက အရမ်းမိုက်တယ်။ လက်ရှိရာသီဥတုနဲ့ဆို နည်းနည်းအေးပေမယ့် ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိလှသည်။

ရှုကျင်ထျန်းသည် အဝါရောင်သမ်းနေသည့် ရှပ်အင်္ကျီကို လျှော်ဖွပ်ပြီး ချုံပုတ်တစ်ခုထိပ်တွင်လှမ်းထားလိုက်သည်။ အနာဂတ်တွင် အဝတ်အစားများစွာကို ဤနည်းဖြင့် ပြုလုပ်နိုင်သော်လည်း သူဟာဒီချည်ထည်တစ်မျိုးသာ အသုံးပြုနိုင်သည်။

ထင်းမရှိသောကြောင့် ဆယ်ရက်ကျော် အငတ်ခံလာရပြီးနောက် ရှုဟန်ယွီသည် ထင်များကိုစုဆောင်းရမည်ဟူသော သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရသည်။ ရှုဟန်ယွီသည် ရှုကျင်ထျန်းအိပ်ပျော်သွားတိုင်း အနီးနားရှိ ထင်းများကို ကောက်ယူပြီး ဂူပေါက်၀တွင် နေပူလှမ်းထားလိုက်သည်။

အပူချိန်က တနေ့ထက်တနေ့ လျော့နည်းလာပြီး တောင်စောင်းမှာ လေတိုက်တာက အလွန်ပြင်းထန်၏။ အထူးသဖြင့် ဂူအဝင်ဝတွင် လေပြင်းများက ပိုမိုတိုးဝင်တိုက်ခတ်နေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏အိပ်ရာကို ဂူ၏အဝေးဆုံးထောင့်တွင်ထားခဲ့တာကြောင့် လေတိုက်နှုန်းအနည်းငယ်ကျဆင်းသွားသည်။ ရှုကျင်ထျန်းသည် အပေါက်ဆီသို့ကျောပေးထိုင်နေပြီး အဝတ်အစားအသစ်များကို စတင်ဖန်တီးနေလေ၏။

လွန်ခဲ့သည့်နှစ်ရက်တွင် ရှုကျင်ထျန်းသည် ရှုဟန်ယွီထံမှ အသားစားရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသည်။ အရင်ကလို အစားအသောက်တွေ အများကြီးမစားပေမယ့် တစ်နေ့ကို လေးငါးနပ်ပဲလောက် စားဖြစ်သည်။ တခါတရံ ညလယ်အိပ်တဲ့အခါမှာတောင် ဗိုက်ဆာသလို ခံစားရတယ်။

ရှုကျင်ထျန်း၏ ကိုယ်အလေးချိန်လျှော့ချရေး အစီအစဉ်သည် သဘာဝအတိုင်း ပျက်စီးသွားပြီး နောက်တစ်ကြိမ် သူ့ဘောင်းဘီက အနည်းငယ် တင်းကျပ်လာပြန်သည်။ ရှုဟန်ယွီက အစာစားခိုင်းတိုင်း ငိုချင်နေပေမယ့် စားပြီးချိန်မှာတော့ ပါးစပ်ကို မထိန်းနိုင်ဘဲ ထပ်စားနေပြီး မရပ်တန့်နိုင်တော့ဘူး။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now