(27)

3.3K 537 41
                                    

(Unicode)

(မှတ်ချက် : 【 .... 】 ကွင်းထဲကစကားတွေသည် သားရဲဘာသာစကားနဲ့ ပြောဆိုခြင်းဖြစ်ပါသည်။)

ရှုကျင်ထျန်း ရုတ်တရက် သတိထားမိလာသည်။ "မင်းက မြွေကြီးကြောက်တဲ့ သားရဲပဲ!"

ရန်ဇီသည် သူ၏လျှာကြီးကို ဆန့်ထုတ်လိုက်ပြီး သူ့ရင်ခွင်ထဲရှိ မိန်းမပျိုလေးကိုကြည့်ပြီး အသက်ပြင်းပြင်းရှူကာ ဝမ်းသာအားရပြောလိုက်သည်။

【မိန်း မငယ်လေးရေ အခုအသားစားလို့ရပြီ】
(TN:အာသာက littleလို့ သုံးသွားတာပါ)

ရန်ဇီက သူ့ကိုယ်သူ နူးနူးညံ့ညံ့ စကားပြောနေတယ်လို့ ထင်ထားပေမယ့် သူ့ရဲ့ကျယ်လောင်တဲ့အသံက နက်ရှိုင်းပြီးကြမ်းတမ်းနေဆဲ။ ထိုအသံက ရှုကျင်ထျန်းရဲ့နားစည်တွေကိုပါ တုန်ခါသွားစေပြီး သူ့နှလုံးသားကိုလည်း တုန်လှုပ်သွားစေသည်။

"မင်းဘာပြောလိုက်တာလဲ"

ရှုကျင်ထျန်းက တစ်စုံတစ်ရာခံစားလိုက်ရသော်လည်း စိတ်ချထားလိုက်ပြီး သူ့အကြည့်ကိုထိန်းလိုက်သည်။ သူ့မျက်နှာအနှံ့ ကပ်နေသော တံတွေးကိုပင် လျစ်လျူရှုလိုက်သည်။

ရန်ဇီ၏နောက်မှအမြီးကြီးသည် ယခင်ကသူပစ်ချထားခဲ့သော သားကောင်ကို မြေပြင်ပေါ်သို့ပစ်ပေးလာသည်။ မိန်းမပျိုလေးကို လက်တစ်ဖက်ဖြင့်အကာအကွယ်ပေးထားတာကြောင့် ရန်ဇီကသားကောင်ကို အခြားလက်တစ်ဖက်နဲ့ မြှောက်လိုက်သည်။ ထို့နောက် သူက ပါးစပ်ကိုဖွင့်ကာ သားကောင်၏လည်ပင်းကို ကိုက်လိုက်သည်။ သူ၏ချွန်ထက်သောသွားများသည် သားကောင်၏ ရှည်လျားပြီးထူထဲသောအမွေးများကို ချောမွေ့စွာထိုးဖောက်ဝင်ရောက်ကာ ကိုက်ဖြတ်လိုက်သည်။ သူ့ခေါင်းကိုပြန်လှည့်လာသောအခါ မီးခိုးရောင်အမွေးများအတွင်းမှ နီရဲနေသောသွေးများစွာ ထွက်ကျနေသည်။

ရှုကျင်ထျန်း၏နှလုံးသည် တဒိန်းဒိန်းခုန်နေပြီး တစ်ချိန်ကမြွေကြီး သူ့ကိုသွေးစိမ်းများတိုက်သည့် ကြောက်စရာကောင်းအမှတ်တရက သူ့ခေါင်းထဲစိမ့်ဝင်လာသည်။ ရှုကျင်ထျန်းသည် သူ့ဆီကိုကမ်းပေးလာသော သွေးစွန်း နေသည့်သားကောင်ကို တွန်းဖယ်လိုက်ပြီး ထိုလူ၏ရင်ခွင်ထဲမှ လှိမ့်ထွက်နိုင်ရန် ကြိုးစားလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now