(50)

3.7K 492 47
                                    

(Unicode)

ရှုဟန်ယွီက ရှုကျင်ထျန်းကို စောင်ထဲကထုတ်လိုက်ပြီး နူးညံ့စွာဖြင့် "ထျန်းထျန်း ဗိုက်ဆာနေပြီလား။ ကိုယ်ဟင်းချက်ပြီး မင်းဆီ ယူလာပေးမယ်"

"မင်း ထပ်ချက်  နေပြန် ပြီလား? ငါ မင်းကို ထပ်မလုပ်နဲ့လို့ပြောထားတာမဟုတ် ဘူးလား"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို စိုးရိမ်တကြီးကြည့်ကာ မပူမလောင်ကြောင်းတွေ့ရတော့မှ သူစိတ်သက်သာရာရသွားသည်။ သို့သော်လည်း သူစိတ်မချသေးပေ။
"အနာဂတ်မှာ ငါ့အတွက် ဘာမှမချက်ပေးနဲ့တော့...မင်း အပူလောင်သွားရင် ဘယ်လိုလုပ်ရမလဲ?"

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ ဂရုစိုက်သော စကားကို ကြားလိုက်သောအခါ သူ၏စိုးရိမ်စိတ်များ လွင့်ပြယ်သွားသည် ။ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ရှုကျင်ထျန်း၏ဆံပင်ကို ဖွဖွပွတ်သပ်ပေးလိုက်သည်။
"ထျန်းထျန်းက ဥ,ဥပြီးသွားတော့ ကောင်းကောင်းအနားယူ...ကျန်တာ ကိုယ်ပဲ ချက်ပေးပါ့မယ်"

ရှုကျင်ထျန်း တစ်ခဏလောက် အေးခဲသွားပြီး သူ့စိတ်ထဲ တွေးနေမိသည်။ ဟုတ်တယ်၊ ငါက ဒီလို ဥအပုံလိုက်ကြီး မွေးခဲ့တာ...ဒါပေမယ့် သူအနောက်မှာ နာကျင်တာကလွဲရင် ပထမဦးဆုံး ဂန္ဓမာပန်းလေး သိမ်းပိုက်ခံတာနဲ့ အတူတူခံစားခဲ့ရပြီး မသက်မသာလည်း သိပ်မခံစားရပေ။

ရှုကျင်ထျန်းသည် မီးဖွားခြင်းအကြောင်းကို လေးလေးနက်နက် တွေးတောနေခဲ့သည်..။

ချီးပဲ! သူဘာတွေ တွေးနေတာလဲ? ရှုကျင်ထျန်း ရုတ်တရက် သတိ၀င်လာပြီး ခေါင်းကိုခါယမ်းလိုက်သည်။

"ကောင်းပြီ၊ ဒါပေမယ့် မင်းမီးမွှေးတဲ့အခါ သတိထားရမယ်...ရက်နည်းနည်းလောက် အနားယူပြီးရင် ငါ့ဘာသာလုပ်မယ်နော်...ပြီးတော့ ငါ့အဝတ်အစားတွေ ယူလာပေးလို့ရမလား ဟန်ယွီ"

အိပ်ရာက ဂူထက် အနည်းငယ်ပူလေ၏။ ထို့ကြောင့် ရှုကျင်ထျန်းမှာ အိပ်ရာထဲက ထွက်သွားတိုင်း မတုန်လှုပ်ဘဲမနေနိုင်ပေ။ နောက်ပိုင်းတွင် ရှုဟန်ယွီက ထိုအရာကို သတိပြုမိလာပြီး အဝတ်အစားများကို  ယူလာပေးလေ့ရှိသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now