(22)

3.2K 518 14
                                    

(Unicode)

ရှုကျင်ထျန်းသည် အပေါက်ဝကိုကြည့်ပြီး မိနစ်အနည်းငယ်စောင့်လိုက်သည်။ ရှုဟန်ယွီက အဝေးမှာရှိနေပြီဆိုတာသေချာမှ သူ့ပစ္စည်းတွေကိုမြန်မြန်ထုပ်ပိုးလိုက်တယ်။

သယ်ဆောင်ရလွယ်ကူစေရန် ရှုကျင်ထျန်းသည်အချိန်ကြာမြင့်စွာ မ၀တ်ရသေးသော သူ၏အနက်ရောင်အားကစားဖိနပ်ကို ၀တ်ထားသည်။ ဓားမြှောင်ကိုသူ့ခါးမှာထိုးထားပြီး ညဘက်မှာသုံးဖို့အတွက် ညလင်းပုလဲနဲ့မီးခြစ်ကို သူ့ဂျာကင်အင်္ကျီအိတ်ကပ်ထဲမှာထည့်ထားလိုက်သည်။ ရှုကျင်ထျန်းက အခွံမာကိုယူဆောင်လာချင်ပေမယ့်လည်း နည်းနည်းလောက်လှည့်ကြည့်လိုက်တဲ့အခါ အရမ်းလေးလံလာတာကြောင့် အဲဒါကိုလက်လျှော့လိုက်ရတယ်။

ရှုကျင်ထျန်းက လမ်းကြောင်းကိုခန့်မှန်းလိုက်သည်။ ရှုဟန်ယွီ၏အမြန်နှုန်းဖြင့်ဆိုလျှင် တစ်နာရီအတွင်းပြန်လာလိမ့်မည်။ ဤအချိန်အတွင်း၌ သူသည်မြွေကြီးကြောက်ရွံ့သောသားရဲ၊ လုံခြုံသောနေရာဆီသို့ အတတ်နိုင်ဆုံးထွက်ပြေးရမည်။

သားရဲ… ရှုကျင်ထျန်းသည် မည်သို့သောသူမျိုးဖြစ်သည်ကို မသေချာမသိသဖြင့် ခဏလောက်တုံ့ဆိုင်းသွားသည်။ ဘာပဲဖြစ်ဖြစ် မြွေကြီးထက်တော့ ပိုကြောက်စရာကောင်းမှာ မဟုတ်လောက်ဘူး။ ထို့ကြောင့် ဆန့်ကျင်ဘက်ဘက်သို့ ဦးတည်ရန်သာ သူဆုံးဖြတ်ခဲ့သည်။ ဒီသားရဲကိုအကူအညီတောင်းဖို့ သူမရှာနိုင်ခဲ့ရင်တောင်မှ အဲဒီမြွေကြီးကသူ့ကိုရှာတွေ့ဖို့ ခွင့်ပြုနိုင်မှာမဟုတ်ဘူး။

ရှုကျင်ထျန်းသည် သူ၏ပစ္စည်းများကိုထုပ်ပိုးပြီး သူ၏ဂျာကင်ကိုအပေါက်မှထုတ်ပစ်လိုက်သည်။ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ အပေါက်ဝဆီအမြန်ပြေးလာခဲ့သည်။

ရှုကျင်ထျန်းသည် ပြင်ပကမ္ဘာကိုမြင်နိုင်နေပြီဖြစ်သော်လည်း သူကနောက်သို့ပြုတ်ကျသွားသည်။ ဒါဟာ သူနည်းနည်းလောက် အားပိုမသုံးလို့ဖြစ်နိုင်သည်။ ရှုကျင်ထျန်းသည် ထွက်ပြေးရန်စိတ်အားထက်သန်နေပြီး နောက်တစ်ကြိမ်ပြေးတက်သည်။ သူကအောက်ကိုလျှောကျခါနီးမှာ သူကမြေပြင်ကိုကုတ်ဖက်လိုက်ပြီး အပြင်ကိုခုန်ထွက်လာ၏။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now