(46.2)

5.5K 589 67
                                    

(Unicode)

ရှုကျင်ထျန်း၏ မာကျောသောသံမဏိနှလုံးသားလေးသည် တခဏချင်းပြိုကျလာပြီး သူ၏ခေါင်းမာသောမျက်ရည်များ တာတမံကိုဖောက်ထွက်သောမြစ်ရေကဲ့သို့ စီးကျလာသည်။ သက်ပြင်းတစ်ချက်ရှူလိုက်ရင်း ဆို့နင့်လာကာ နောက်ဆုံးတွင် ရှိုက်ကြီးတငင် ငိုချလိုက်သည်။

“မင်းဘာလို့ ဒီလောက်ရူးမိုက်ရတာလဲ? တစ်ယောက်ယောက်သေပြီးရင် မြေကြီးထဲမှာမြှုပ်ရမယ်ဆိုတာ မသိဘူးလား? လူသေကို ကုတင်ပေါ်တင်ပြီး မင်းဘယ်လိုအိပ်မှာလဲ"

"ထျန်းထျန်း?"
ရှုဟန်ယွီက ထိတ်လန့်သွားပြီး မိန်းမပျိုလေးရဲ့မျက်နှာကို ကြည့်လိုက်သည်။

"မင်းမျက် လုံး တွေ   ဘာဖြစ်တာလဲ အရမ်းနာလို့လားဟင်"

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ မျက်လုံးအောက်ရှိ မျက်ရည်များကို ထိတ်လန့်စွာ သုတ်လိုက်သော်လည်း သူ့ဇနီးသည်လေးက မျက်ရည်များကို မရပ်တန့်နိုင်ပေ။ ရှုဟန်ယွီမှာ အလွန်စိုးရိမ်နေသဖြင့် မျက်ရည်ကျနေသော ထိုမျက်လုံးများကိုသာ ပိတ်ဆို့ထားလိုက်ချင်တော့သည်။

ရှုကျင်ထျန်း၏အမြင်အာရုံမှာ ရုတ်တရပ် မှောင်မည်းသွားလေ၏။ အကြောင်းမှာ ရှုဟန်ယွီ၏ အနည်းငယ် အေးစက်သော နှုတ်ခမ်းများက သူ့မျက်လုံးတစ်ဖက်ကို နမ်းလိုက်ခြင်းကြောင့်ပင်။

ရှုကျင်ထျန်း၏ နှလုံးသားထဲတွင်နွေးထွေးလာပြီး ရှုဟန်ယွီ၏စိုးရိမ်မှုကို ခန့်မှန်းရင်း တခစ်ခစ် ရယ်မောလိုက်သည်။

"မြွေငတုံးကြီး... မင်းက တကယ်တုံးတာပဲ! ငါ အဆင်ပြေပါတယ်!"

ရှုဟန်ယွီသည် ရှုကျင်ထျန်းကို လွှတ်ပေးရန် တုံ့ဆိုင်းနေပြီး သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။
"ထျန်းထျန်း မင်းတကယ်အဆင်ပြေရဲ့လား"

သူ၏လက်ထဲတွင်ရှိသော သူ့ဇနီးလေး၏မျက်နှာသည် မျက်ရည်များဖြင့် စွန်းထင်းနေသေးသည်ကို မြင်လိုက်ရသော်လည်း မျက်ရည်များ ထပ်မံစီးဆင်းလာခြင်းရှိတော့ပေ။ ရှုဟန်ယွီမှာ ထိုမှသာ သက်သာရာရသွားလေ၏။

ရှုဟန်ယွီသည် သူ့ပါးစပ်ထဲတွင် ကျန်ခဲ့သော မျက်ရည်များကို အရသာခံလိုက်သည်။ အငန်အရသာရပြီး သူ တစ်ခါမှ မမြည်းစမ်းခဲ့ဖူးပေ။ ရှုဟန်ယွီက ထိတ်လန့်သွားပြီး
"ထျန်းထျန်း အနာဂတ်မှာ မငိုနဲ့တော့ ကိုယ်မကြိုက်ဘူး"

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now