(21)

3.2K 534 14
                                    

(Unicode)

ဂူထဲသို့ပြန်ရောက်သောအခါ ရှုကျင်ထျန်းသည် ဂူနံရံကိုမှီပြီးထိုင်လိုက်သည်။ ရှုဟန်ယွီက နိုးတစ်ဝက်အိပ်တစ်ဝက် အခြေအနေတွင်သာ ရှိနေသေးသည်။ သူကမိန်းမပျိုလေးကို မျက်လုံးစွေကြည့်ပြီး မကြာမီအိပ်ပျော်သွားသည်။

ရှုကျင်ထျန်းသည် အိပ်ရေးဝဝအိပ်ပြီးဖြစ်တာကြောင့် နံရံပေါ်ကိုပျင်းရိစွာမှီလိုက်သည်။ ရှုဟန်ယွီက သူ့အားပွေ့ဖက်ထားသောကြောင့် ရှုဟန်ယွီ၏ခေါင်းကို သူ၏ခြေထောက်များပေါ်တွင် ချောမွေ့စွာတင်လိုက်သည်။

ညပုလဲလုံးက လပြည့်ညကဲ့သို့ ခပ်ဖျော့ဖျော့ခရမ်းရောင်ဖြင့် ဖုံးလွှမ်းထားသည်။ ရှုဟန်ယွီက ဒီတောက်ပတဲ့အလင်းရောင်ကို မကြိုက်ပုံရပြီး ရှုကျင်ထျန်းရဲ့ခြေထောက်တွေပေါ်မှာ သူ့ခေါင်းကိုမြှုပ်ပြီး အကြီးအကျယ်ဆက်အိပ်နေလေ၏။

ရှုကျင်ထျန်းသည် သူမည်သို့ထွက်ပြေးရမည်ကိုသာ စီစဉ်နေလေ၏။ မြွေကြီးအား အပြင်သို့ထွက်စေရန်ဆင်ခြေတစ်ခုရှာပြီး ထွက်ပြေးလွတ်မြောက်နေသော သူ့အဖြစ်ကို သူ၏စိတ်ထဲတွင်တွေးတောနေပြီး ထိုနေရာတွင်ထိုင်နေရုံဖြင့်ပင် သူမပျင်းဘူးဟုခံစားလိုက်ရသည်။

မိုးကုပ်စက်ဝိုင်းကို အဖြူရောင်နှင့်ဖုံးလွှမ်းသောအခါ နူးညံ့သောခရမ်းရောင်အလင်းရောင်သည် နေရောင်ခြည်ဖြင့် အစားထိုးလာသည်။

နံနက်ခင်း၏မြူများက တောတောင်ကွက်လပ်များကြားတွင် လွင့်မျောသွားပြီး တွင်းဝသို့လွင့်မျောလာသည်။ သန့်ရှင်းလတ်ဆတ်သောလေထုသည် အဆုတ်ထဲသို့ရှူသွင်းလိုက်သောအခါ အေးမြသောအစိုဓာတ်ကိုပင် ယူဆောင်လာသည်။

ငှက်များ၏တေးဆိုသံများနှင့် အင်းဆက်များ၏အော်ဟစ်သံများ တိုးလာသည်နှင့်အမျှ သစ်တောသည် တဖြည်းဖြည်းအသက်ဝင်လာလေ၏။ သို့သော် ရှုဟန်ယွီအတွက်မူ ထိုအသံများက အနှောင့်အယှက်ပင်။

ရှုဟန်ယွီသည် တစ်ချက်သမ်းလိုက်ပြီး ရှုကျင်ထျန်း၏ခြေထောက်များပေါ်မှ ခေါင်းကိုမြှောက်လိုက်သည်။ သူ၏မြစိမ်းရောင်မျက်လုံးများသည် အစိုဓာတ်အလွှာတစ်ခုစိမ့်ဝင်နေသလို ကြည်လင်သောရေကဲ့သို့ တောက်ပနေလေသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now