(13)

3.9K 644 32
                                    

(Unicode)

မြွေကြီးတစ်ကောင်က သူ့သားကောင်ကို ရစ်ပတ်နေတာကို ကြည့်နေရတာ အရမ်းကြောက်စရာကောင်းတာပဲ။ သူသာဒီမြွေကြီးကို အရင်ကမတွေ့ခဲ့ဖူးဘူးဆိုရင် ဒါကိုမြင်လိုက်တဲ့အချိန်မှာ ဦးတည်ချက်မဲ့စွာ သူထွက်ပြေးသွားလိမ့်မည်။

ရှုကျင်ထျန်းက သူနေ့တိုင်းရစ်ပတ်ခံနေရတာကို ပြန်သတိရမိတော့ သူ့အတွေ့အကြုံက ပိုတောင်ကြောက်စရာကောင်းတယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။

ဒါကိုကြည့်နေရတဲ့လူတစ်ယောက်အနေနဲ့ ရှုကျင်ထျန်းမှာ အဲဒါကိုသည်းမခံနိုင်တော့ပေ။ လွတ်မြောက်ရေးကိစ္စသည် ယခုအခါအလွန်အရေးကြီးလာသည်။

သားကောင်ကိုရစ်ပတ်နေရင်းဖြင့် ရှုဟန်ယွီပြန်လာခဲ့သည်။ မမျှော်လင့်ဘဲ မိန်းမပျိုလေးက သူ့ကိုငေးမောကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့် သူ့ကိုမနှောင့်ယှက်တော့ဘဲ ခေါင်းကိုသာနောက်သို့လှည့်လိုက်သည်။

နောက်ဆုံးတွင်မြွေကြီးက သူ၏သားကောင်နှင့်အတူ သူ့ကိုပါရစ်ပတ်လိုက်ကာမှ ရှုကျင်ထျန်းသည် သတိဝင်လာ၏။ သူ့ဘေးတွင်ကပ်နေသောယုန်သားရဲသည် ပျော့ပျောင်းနေပြီးလုံးဝမသေသေးပေ။ ၎င်း၏ခန္ဓာကိုယ်သည် နွေးထွေးနေဆဲဖြစ်သည်။ ၎င်းသည် ရံဖန်ရံခါသူ့အားတွန်းထိုးသေးသည်။

ရှုကျင်ထျန်းသည် ကမ္ဘာ ခြားမှသားရဲ၏ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ရှားကာ သူ၏လက်ဖြင့်မြွေကြီး၏ခန္ဓာကိုယ်ကိုဖိကာ ဟန်ချက်ထိန်းလိုက်သည်။

ဂူအ၀င်ဝသို့ပြန်ရောက်လာသောအခါ ရှုကျင်ထျန်းသည် သူလုပ်ထားသောမြေမီးဖိုကို စစ်ဆေးလိုက်သည်။ သူသည်မြစ်ကမ်းဘေးကရွံ့ကိုအသုံးပြု၍ ပြုလုပ်ထားသောကြောင့် မီးကိုထိန်းသိမ်းရန်အဆင်ပြေလိမ့်မည်။

မီးလျှံထွက်ခါနီးတွင် သူသည်ကြီးမားသောမီးသွေးကို မီးဖိုထဲပစ်ချလိုက်ပြီး မခြောက်လွန်းသောလောင်စာအနည်းငယ်ဖြင့် ဖုံးအုပ်လိုက်သည်။ ထို့ကြောင့်မီးမသေဘဲ နာရီအနည်းငယ်ကြာအောင် ထိန်းထားနိုင်သည်။

ရက်အနည်းငယ်ကြာသည်အထိ မည်သူမျှဂရုမစိုက်နိုင်သည့်အတွက် သဘာဝအလျောက် မီးထွက်မလာတော့ပေ။ ရှုကျင်ထျန်းသည် သူ၏ဂျာကင်အင်္ကျီကိုထုတ်ပြီး မီးထွန်းဖို့မီးခြစ်ကိုရှာရန် ရှုဟန်ယွီကိုသာအကူအညီတောင်းနိုင်တော့သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Hikayelerin yaşadığı yer. Şimdi keşfedin