(4)

6.5K 1.1K 74
                                    

(Unicode)

၎င်းသည်သေးငယ်သော ကိုက်ခဲမှုတစ်ခုသာ ဖြစ်သော်လည်း သူ၏ခံတွင်းထဲ၌ အရည်ရွှမ်းကာပြည့်နေသည့်အပြင် လတ်ဆတ်ပြီးချိုမြိန်လွန်းလှသည်။

ရှုကျင်ထျန်းက သူ့လက်ထဲကသစ်သီးတွေကို အံ့သြစွာကြည့်လိုက်မိသည်။ အထူးသဖြင့်စွဲမက်စေသောအနီရောင်အရောင်မှလွဲ၍ ထိုအသီးသည်ပုံမှန်အသီးဖြစ်ပုံရသည်။ မမျှော်လင့်ဘဲ၎င်းသည် အလွန်အရသာရှိလှသည်။

သူဆာလောင်နေသည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် ယခုသူ့တွင် အရသာရှိသောအသီးများရှိနေပြီး ပုံမှန်သန့်ရှင်းမှုမျိုးတော့မရှိပါချေ။ သူကအခြားသစ်သီးတစ်လုံးကိုလည်းယူလိုက်ပြီး သူခန္ဓာကိုယ်ပေါ်၌ ခပ်တည်တည်ဖြင့် မသိမသာပွတ်တိုက်လိုက်ကာ အကြီးကြီးတစ်ကိုက် ကိုက်လိုက်ပြန်သည်။

ဝိညာဉ်သားရဲမြွေကြီးသည် သူ၏ဦးခေါင်းကိုမော့ပြီး သူ့ကိုချောင်းကြည့်လာလေသည်။ သူ၏မျက်လုံးများဟာကျဉ်းမြောင်းသွားပြီး အလွန်ကောင်းမွန်သောစိတ်ခံစားချက်ဖြင့် မိန်းမပျိုလေးအနီးတစ်ဝိုက်တွင် ခပ်ဖွဖွလေးလှိမ့်ရန်ကြိုးစားနေသည်။

ရှုကျင်ထျန်းမှာ တောင့်တင်းသွားပြီး သူ့ခေါင်းကိုပြန်လှည့်ကြည့်လိုက်ရာ မြွေကြီးကအိပ်နေဆဲဖြစ်နေခြင်းကိုသာ မြင်တွေ့ခဲ့ရလေသည်။ ထို့ကြောင့် သူသည်အသီးကိုသာ ခပ်ကြီးကြီးကိုက်ပြီး ဆက်စားနေလိုက်တော့သည်။

သူအပြည့်အဝ စားသောက်ပြီးသောအခါ ရှုကျင်ထျန်းသည် မည်သည့်အချိန်ဖြစ်သည်ကိုပင် မသိပါတော့ချေ။ နောက်ဆုံးတွင် သူသည် မြွေကြီး၏ခြိမ်းခြောက်မှုအောက်တွင် တကယ်ကြီး အိပ်ပျော်သွားလေတော့သည်။ သူ၏ဝမ်းဗိုက်နာကျင်မှုက သူ့ကိုနှိပ်စက်ပြီးနိုးမလာခင်အချိန်ထိ ထိုပုံစံအတိုင်းသာရှိနေခဲ့လေသည်။

သူ၏အိပ်မက်များထဲတွင်နစ်မြုပ်နေတုန်း ရှုကျင်ထျန်းသည် အလွန်နာကျင်သောကြောင့် ချွေးများဖြင့်စိုရွှဲနေကာ သူ၏ဝမ်းဗိုက်ကိုလက်ဖြင့်ဖိထားပြီး မြက်ခင်းပေါ်တွင် နှစ်ကြိမ်လောက်လှိမ့်နေရတော့သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now