(39.2)

3.3K 486 16
                                    

(Unicode)

ရှုကျင်ထျန်းက အစားအသောက်အတွက် စောင့်မျှော်နေပြီး သူ့စိတ်တွေကလည်း ပိုမိုကောင်းမွန်လာလေ၏။ မျက်နှာနှင့်ပါးစပ်ကို ရေဖြင့် ဆေးကြောပြီးနောက် ကျန်ရေကိုကျိုချက်လိုက်သည်။ ထို့နောက် ခွက်တစ်ခုထဲသို့ ထည့်ကာ အအေးခံရန် ဘေးဘက်တွင် ထားခဲ့သည်။ ထို့နောက် ကန်စွန်းဥအနည်းငယ်ကို အခွံနွှာပြီး အတုံးသေးသေးလေးများ လှီးကာ ချက်လိုက်သည်။

ဤကန်စွန်းဥများမှာ သေးငယ်သော်လည်း ချိုစိမ့်သော အမျိုးအစားပင်။ ရေနဲ့ပြုတ်ထားရင်တောင် အရမ်းမွှေးနေပါသေး၏။ ရှုကျင်ထျန်းမှာ အစာစားချင်စိတ် ကြီးထွားလာချိန်မှစ၍ ထန်းလျက်အရွယ် ကန်စွန်းဥငါးလုံးမှ ခြောက်လုံးအထိ စားနိုင်သည်။ ၎င်းသည် ယခင်က သူ၏စားသုံးမှု ပမာဏ၏နှစ်ဆဖြစ်သည်။ သို့သော်လည်း သူ၏အစားအစာများသည် ယခင်က ခြောက်နပ်၊ ခုနစ်နပ်မှ သုံးနပ်၊ လေးနပ်အထိ ပြောင်းလဲခဲ့ပြီး ညလယ်တွင် ချက်စားသည်မှာလည်း အလွန်ရှားပါသည်။

လည်ချောင်းကို စိုစွတ်စေရန် ရေနွေးတစ်ခွက်သောက်ပြီးနောက် ရှုကျင်ထျန်းသည် ပန်းရောင်ပြောင်းသွားသည့် ကန်စွန်းဥများကိုစားခဲ့သည်။ မထင်မှတ်ပဲ အခုထိ သူဗိုက်မပြည့်နိုင်သေးပေ။ သူ့ဗိုက်ကို ပွတ်လိုက်သော်လည်း လုံးလုံးဖောင်းနေပြီ။ ရှုကျင်ထျန်း တိတ်တိတ်လေး တွေးလိုက်မိလေသည်။ သူ အသားစားရင်တော့ ဗိုက်ပြည့်နိုင်ကောင်းပါရဲ့...

မနက်စာစားပြီးနောက် ရှုဟန်ယွီသည် မိန်းမပျိုလေးကို ကျောပေါ်တင်ကာ လန်ယန်သစ်တောသို့ အမြန်သွားခဲ့သည်။ ထိုနေရာသည် ရေပြာငှက်မျိုးစိတ်များ၏ အဓိကနေထိုင်ရာနေရာဖြစ်ပြီး ရေစပ်နားတွင် နေထိုင်သည့် ငှက်မျိုးစိတ်များစွာလည်း နေထိုင်ကြသည်။

လန်ယန်သစ်တောသည် သူတို့တောင်နှင့် မဝေးလှ။ ရှုဟန်ယွီသည် ရှုကျင်ထျန်းကို သယ်ဆောင်ပြီး မြေပြန့်ဆီသို့ ပြေးလွှားသွားကာ ဆယ်မိနစ်ထက် မပိုသောအချိန်ဖြင့် ပုံမှန်မဟုတ်သော သစ်ပင်များနှင့်ပြည့်နေသော တောအုပ်ဆီသို့ ရောက်ရှိလာလေ၏။

နက်နဲပြီးပြင်းထန်လှသည့် လှိုင်းလုံးကြီးများ၏အသံက သူ့နားဆီရောက်လာပြီး ထိုအရာကပင် ဒီတောအုပ်ဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ မဝေးဘူးလို့ ညွှန်ပြနေလေ၏။ ရှုကျင်ထျန်းမှာ ပင်လယ်ရေ၏စိုစွတ်သော ငန်ပျပျရနံ့ကို အနံ့ခံနိုင်လုနီးပါးပင်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now