(8)

5K 834 25
                                    

(Unicode)

"ဝိုး! ရေတံခွန်ကြီး~"

ရေတံခွန်၏ဧရိယာသည် ကျယ်ဝန်းသော်လည်း ၎င်း၏အမြင့်မှာ ၂၀ မှ ၃၀ မီတာသာရှိသည်။ ရေသည် အထက်မှစီးဆင်းလာပြီး ရေမျက်နှာပြင်ပေါ်တွင် တောက်ပသောရေများ စီးကျလာသည်။

မြွေကြီးက ရေတံခွန်ရှေ့မှာရပ်ပြီး မိန်းမပျိုလေးကို လွှတ်ချလိုက်သည်။

ရှုကျင်ထျန်း သည် နက်ရှိုင်းသောရေပြင်ဘက်သို့ ဦး တည်သွားပြီး မြွေကြီးနှင့်ထိမိသော အသားအရည်များကို ဆေးကြောလိုက်သည်။ ရုတ်တရပ် သူ၏စိုစွတ်နေသော ချွေးပေါက်များကိုပွင့်သွားခြင်းကို ခံစားလိုက်ရပြီး အလွန်သက်တောင့်သက်သာရှိလေသည်။

ပူပြင်းသောရာသီ၌ နေရောင်သည် ပူလောင်သောမီးဖိုနှင့်တူသည်။ မြေပြင်သည် ရေနွေ့ငွေ့များ ပြည့်နှက်နေသည်နှင့်တူသည်။

မြွေလှိုဏ်ဂူက သာယာအေးမြသည်။ သို့သော် သူထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုကျင်ထျန်းဟာ ရေနွေးငွေ့များနှင့် အပြုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ့လက်မောင်းကို ညင်ညင်သာသာဆေးလိုက်ခြင်းက ရှုကျင်ထျန်းကို မကျေနပ်သလိုခံစားရပြီး သူရေထဲကိုတိုက်ရိုက်ခုန်ချချင်ခဲ့သည်။

သူက ရှုဟန်ယွီကိုပြန်ကြည့်ပြီး မျက်ခုံးပင့်ကာပြောလိုက်သည်။ "ဟေး! ငါရေချိုးဖို့ဆင်းရင် မင်းမကန့်ကွက်ဘူး မဟုတ်လား?! "

ရှုဟန်ယွီက မိန်းမပျိုလေး ဘာလုပ်ချင်လဲဆိုတာကို စိတ်မ၀င်စားပေ။ သူသည် သူ၏မြွေခန္ဓာကိုယ်အား ခဏလောက်ယိမ်းကာ ရေသောက်ရန်မြစ်ကမ်းဘေးသို့သွားလိုက်သည်။

ရှုကျင်ထျန်းသည် သူ မတုံ့ပြန်သည်ကိုမြင်သည်နှင့် သူ(ကျင်ထျန်း)၏ကိုယ်ပေါ်မှ အ၀တ်များကိုလျင်မြန်စွာ ချွတ်လိုက်ပြီး သူ၏ခြေထောက်များနှင့် ရေများကိုကန်လိုက်သည်။ ထို့နောက် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို စိုစွတ်စေသော ကြီးမားသည့်ရေပက်မှုတစ်ခုကို သူဖန်တီးခဲ့သည်။

ရှုကျင်ထျန်းသည် ရေထဲ၌ရပ်ပြီး ရှုဟန်ယွီကိုဒေါသတကြီးနှင့် ဂုဏ်ယူစွာကြည့်လိုက်သည်။ ဟားဟား! ဒီလောင်ဇီကရည်ရွယ်ချက်ရှိရှိ တိတိကျကျလုပ်ခဲ့တာ မင်းဘာတတ်နိုင်သေးလဲ?

မြွေသားရဲ၏ဇနီးသည် 【MM Translation】Tempat cerita menjadi hidup. Temukan sekarang