(17.1)

3.3K 544 33
                                    

(Unicode)

မူလကဗလာသက်သက်သာ ဖြစ်နေသောပင်လယ်သည် အပြာရောင်၊ အဝါရောင်နှင့် အဖြူရောင်တောက်တောက်များ ထုတ်လွှတ်ကာ တောက်ပသောအလင်းတန်းများနှင့် ပြည့်နှက်နေသည်။ သမုဒ္ဒရာ၏အောက်ခြေတွင် ကမ္ဘာကြီးကိုလင်းစေခဲ့ပြီး ထိုအလင်းရောင်နှင့်အတူ ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသောငါးမျိုးစုံ ရေ၌ကူးခတ်နေသည်ကိုမြင်နိုင်သည်။

အနီးကပ်ကြည့်လိုက်သောအခါ ဤအရာများသည် အလင်းရောင်ထုတ်လွှတ်နေသော ပင်လယ်ရေမှော်အစင်းကြောင်းများ ဖြစ်သွားသည်။ သူတို့ကအောက်ခြေကနေအပေါ်ကို လွင့်နေတဲ့ကျောက်တန်းတွေကို ကျောက်ချရပ်ထားပုံရလေ၏။ အရှည်ဆုံးသည် ဆယ်မီတာကျော်ရှိပြီး အတိုဆုံးသည် တစ်မီတာမှ နှစ်မီတာအထိရှိနိုင်သည်။

ပင်လယ်ရေမှော်၏အောက်ခြေသည်စင်ကြယ်ပြီး ဖုန်မှုန့်များမပါဘဲ ရွှေရောင်ပင်လယ်ကြမ်းပြင်ဖြစ်သည်။
(TN: တံလျှပ်လို့ခေါ်ရမှာလား အောက်ခြေမှာတလှုပ်လှုပ်နဲ့ ရွှေရောင်လေးလိုဖြစ်နေတာကို ပြောတာလို့ထင်တာပါပဲ)

သူ့မျက်လုံးများသည်အလင်းရောင်နှင့်လိုက်လျောညီထွေရှိသောအခါ ရှုကျင်ထျန်းသည် လှပသောပင်လယ်ရေမှော်များအနားတွင် အပြန်ပြန်အလှန်လှန်ကြည့်နေသည့် ငါးသေးသေးလေးများကိုတွေ့လိုက်ရသည်။ အလွန်တရာအရောင်တောက်သော ငါးအချို့မှာငြိမ်နေပြီး အချို့မှာရွေ့လျားနေသည်။ တစ်ခါတစ်ရံ သူတို့သည်တစ်ထောင့်တစ်နေရာတွင် မှင်တက်စွာနေခဲ့ကြပြီးနောက် ထက်မြက်သောပင်လယ်ဖျံများကဲ့သို့ ရုတ်တရက်ထွက်သွားကြလေ၏။

ရှုကျင်ထျန်းသည် အံ့အားသင့်သွားကာပူဖောင်းအနည်းငယ်က သူ့ပါးစပ်မှချက်ချင်းထွက်ပြေးသွားလေ၏။

ဤအချိန်တွင် ရှုဟန်ယွီသည် လှည့်ကြည့်လိုက်ပြီး မိန်းမပျိုလေး၏ပါးစပ်နား နီးကပ်စွာယိုင်ကျလာသည်။ သူကမျက်လုံးများကို ကျဉ်းမြောင်းကာစဉ်းစားလိုက်သည်။

ရှုကျင်ထျန်းကလည်း သူ့ကိုမရှောင်ခဲ့ဘူး။ မြွေကြီး၏ပါးစပ်သည် သူ့ထံသို့ချဉ်းကပ်လာသောအခါ သူသည်နှုတ်ခမ်းကိုစူလိုက်ပြီး အောက်ဆီဂျင်ကိုလျင်မြန်စွာရှူသွင်းလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now