(52)

3.4K 418 56
                                    

(Unicode)

ရှုဟန်ယွီသည် ရေထဲတွင် မီတာဝက်ခန့်ရှည်သော ငါးတစ်ကောင်ကိုဖမ်းမိပြီး လတ်ဆတ်သော ရေညှိအချို့ကိုယူကာ ရှုကျင်ထျန်းယက်လုပ်ထားသော စပျစ်နွယ်ထဲသို့ထည့်လိုက်သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်းအတွက် အကြိမ်များစွာ ချက်ပြုတ်ခဲ့ပြီး ဟင်းချိုကိုချက်ပြုတ်ရာတွင် အချိန်ပြည့် မီးပုံအနားမနေရသောကြောင့် ချက်ရသည်မှာ အလွန်လွယ်ကူသည်။ အသားကင်ရာတွင် ဟိုဘက်သည်ဘက်လှန်ရန်လိုအပ်ပြီး မီးပုံနှင့် တစ်ချိန်လုံး နီးကပ်နေရသည်။ အသားကင်စားရတာ အဆင်မပြေဖြစ်ပြီး မိန်းမပျိုလေးကလည်း သူအသားကင်တာကို မကြိုက်ပေ။ အဲဒါကို တွေးပြီးတာနဲ့ ရှုဟန်ယွီက ငါးစွပ်ပြုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရှုဟန်ယွီသည် ရုတ်တရက် ရှုကျင်ထျန်းအတွက် အနည်းငယ် စိတ်ပူသွားသည်။ ရှုဟန်ယွီသည် သူ့လက်ထဲရှိ ထင်းကိုချလိုက်ပြီး ရှုကျင်ထျန်းအဆင်ပြေကြောင်းသေချာစေရန် အရင်သွားကြည့်လိုက်သည်။ ထိုမှသာ သူစိတ်သက်သာရာရ​နိုင်လိမ့်မည်။

ရှုဟန်ယွီ၏ ပါးစပ်ထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။ ထျန်းထျန်း နိုးပြီလား? အခု ဘာလုပ်နေလဲလို့ တွေးလိုက်သည်။ ဒါပေမယ့် အိပ်ရာနိုးရင် ထျန်းထျန်းက ဥတွေအနားမှာပဲ နေလိမ့်မယ်။ ရှုဟန်ယွီသည် ဥများက သူနှင့်ထျန်းထျန်း၏ ကလေးများပင်ဖြစ်သော်လည်း မနာလိုမှုအနည်းငယ်ရှိဆဲပင်။

ရှုကျင်ထျန်းမှာ သူ့ခန္ဓာကိုယ်ကို တိရိစ္ဆာန်အရေခွံအင်္ကျီသုံးထည်ဖြင့် ထုပ်ပိုးထားပြီး ဂူ၏ထောင့်တွင် ကွေးကွေးလေးထိုင်နေ၏။ သူ၏လက်များက အေးစက်နေကာ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။

အရမ်းအေးတာပဲ...မြွေကြီးက ဘာလို့ ပြန်မလာသေးတာလဲ? ရှုကျင်ထျန်းသည် သူ့နှလုံးသားထဲမှ ဆုတောင်းနေခဲ့သည်။ ထို့နောက် ဂူအပြင်ဘက်မှ နူးညံ့သောအသံကို ကြားလိုက်ရပြီး ဝမ်းသာအားရ ကြည့်လိုက်သည်။

"ဟန်ယွီ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ!"

ရှုကျင်ထျန်းသည် တစ်ခုတည်းသော အသက်ကယ်ကောက်ရိုးကို ဖမ်းဆုပ်ထားသည့် ရေနစ်နေသောလူလို ရှုဟန်ယွီ၏ မျက်လုံးများကို ကြည့်လိုက်သည်။ ရှုကျင်ထျန်းက သူ့ဆီသွားချင်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က ပျော့ခွေနေတာကြောင့် မထနိုင်ဘဲ လဲကျသွားလေသည်။

You've reached the end of published parts.

⏰ Last updated: Oct 24, 2023 ⏰

Add this story to your Library to get notified about new parts!

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now