(8.2)

4.8K 757 30
                                    

(Unicode)

ရှုကျင်းထျန်သည် တစ်လျှောက်လုံး မသက်မသာခံစားနေရသည်။ သူကအသက်ရှုအောင့်ထားပြီး သူ့ဟန်ချက်ကိုထိန်းရန် အနီးအနားရှိကျောက်တုံးကိုလက်ဖြင့်ဖိကာ ရှုဟန်ယွီကို ရစ်ပတ်ခွင့်ပေးလိုက်သည်။

မြွေ၏သဘောသဘာဝသည် လောဘကြီးပြီး မိန်းမပျိုလေးက သူ့ကိုလက်ခံနေပြီဟုမြင်သဖြင့် ရှုဟန်ယွီ သည် လက်ရှိအခြေအနေကို မကျေနပ်နိုင်ဖြစ်နေသည်။ သူ၏ခက်ရင်းခွသဏ္ဍာန်လျှာဖြင့် မိန်းမပျိုလေး၏ သွေးနီရောင်နှုတ်ခမ်းကို နောက်တစ်ကြိမ် ထပ်လျက်လိုက်ပြန်သည်။

လှပသောအရသာသည် ယခင်အတိုင်းရှိနေဆဲဖြစ်ပြီး သူ့ကိုယ်သူထိန်းမနိုင်သိမ်းမရနှင့် အတွင်းထဲသို့ဖိဝင်မိသွားသည်။ အထဲသို့၀င်လိုက်သောအခါ အတွင်း၌လောင်ကျွမ်းနေသော အပူချိန်သည် သူ့အားအရည်ပျော်လုနီးပါး ပူလောင်လာစေသည်။

ရှုကျင်ထျန်းသည် မျက်လုံးများပြူးကျယ်သွားပြီး ယဉ်ကျေးသိမ်မွေ့ဟန်ဆောင်ရန် မေ့သွားပြီး ရုတ်တရက်မြွေကြီးကို တွန်းဖယ်လိုက်သည်။

"ဘာလုပ်တာလဲ"

မြွေကြီးကအရာ၀တ္ထုတွေကို ရစ်ပတ်တာကြိုက်တယ်လို့ သူထင်ခဲ့ပေမယ့် သူကမမျှော်လင့်ဘဲသူ့(ဟန်ယွီ)လျှာကို သူ့ပါးစပ်ထဲထည့်လိုက်တယ်။ သူဂရုမစိုက်မိသောအခါ သူ့ပါးစပ်ထဲတွင်ကြောက်စရာကောင်းလောက်အောင် လှည့်လည်ချင်နေခဲ့သည်။

"ထွီ! ဝေါ့! "

ညှီစို့စို့အရသာသည် သူ့ပါးစပ်ထဲစိမ့်ဝင်သွားသည်။ ဒါဟာ ရှုကျင်ထျန်းရဲ့ဗိုက် ကိုလက်ဖြင့်ဖိပြီး အန်ချရန်အတွက် ကျောက်တုံးပေါ်သို့တက်လာခဲ့သည်။ သူသည် မြွေကြီးအား ရုတ်တရက်စဉ်းစားလိုက်မိပြီး သူ၏မျက်လုံးထောင့်မှ တိတ်တဆိတ်ကြည့်လိုက်ရာ မလှုပ်မယှက် အေးစက်စွာဖြင့် သူ့ကိုကြည့်နေတာကို မြင်လိုက်ရသည်။

ရှုကျင်ထျန်း၏နှလုံးသားသည် တုန်လှုပ်သွားပြီး သူကိုယ်တိုင်တွေးမိသည်က ချီးပဲ! မအောင်မြင်နိုင်တော့ဘူးလား။ မဟုတ်ဘူး၊ ဒါကအခွင့်အလမ်းကောင်းပဲ၊ သူသေချာပေါက်လက်မလွှတ်နိုင်ဘူး။ မြွေကြီးက သူထွက်ပြေးမှာမဟုတ်ဘူးဆိုတာကို စိတ်ချစေနိုင်ရင် သူကိုဒီနေရာမှာထားခဲ့ပြီး ရေတံခွန်ထိပ်ကအသီးကိုခူးပေးလိမ့်မည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】حيث تعيش القصص. اكتشف الآن