(38)

3.6K 514 15
                                    

(Unicode)

ညအချိန်တွင် ရာသီဥတုက နည်းနည်းအေးလာလေ၏။ ရံဖန်ရံခါ ဂူထဲသို့ လေပြည်အေးလေးက တိုက်ခတ်လာပြီး အေးမြသော မြူနှင်းများကို ယူဆောင်လာသည်။

တောင်ပေါ်တောအုပ်ရှိ တောင်စောင်းတစ်နေရာက ခရမ်းရောင်ဖျော့ဖျော့လေး ထွက်ပေါ်လာသည်။ အနီးကပ်ကြည့်လိုက်တော့ တောင်ထဲရှိ လိုဏ်ဂူတစ်ခုကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရှုကျင်ထျန်းက အိပ်ယာပေါ်လှဲချလိုက်ပြီး ရှုဟန်ယွီကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေက အပေါ်ကို ကော့တက်မနေဘဲ မနေနိုင်တော့ပေ။

“အရမ်းကောင်းတာပဲ၊ အခုမှစပြီး အေးအေးဆေးဆေး အိပ်လို့ရပြီ၊ ပျော့ပျောင်းနေတာပဲ၊ အေးလာတဲ့အခါ တိရိစ္ဆာန်အရေတွေကို စောင်တွေအဖြစ်လည်း သုံးလို့ရတယ်၊ အအေးဒဏ်ကို သေချာပေါက် ကာကွယ်နိုင်မှာပဲ၊ အိုက်ယား! ဆောင်းရာသီကိုတောင် မျှော်လင့်မိနေပြီ”

ညပုလဲကို သူတို့အိပ်ရာဘေးမှာ ချထားသည်။ ခရမ်းရောင်တောက်ပသော အလင်းရောင်သည် ပြန့်ကျဲသွားပြီး ပူးကပ်နေသော ခန္ဓာကိုယ်နှစ်ခု ပတ်ပတ်လည်တွင် ရောထွေးပျံ့နှံ့နေပြီး ထိုသူတို့၏ အဝတ်မပါသော အရေပြားပေါ်တွင် ခရမ်းရောင်ထီးမိုးသဖွယ် ထွန်းလင်းနေ၏။

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ခန္ဓာကိုယ်ပေါ်မှ ခြေထောက်တစ်ချောင်းတင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကိုလှည့်ကာ မိန်းမပျိုလေး၏မျက်နှာကို ငုံ့ကြည့်လိုက်သည်။

“ကောင်းပြီ။ အနာဂတ်မှာ ကောင်းမွန်တဲ့ တိရစ္ဆာန်သားမွေးအားလုံး ကိုယ် မင်းကိုပေးမယ်...ထျန်းထျန်း၊ မင်းလိုချင်သလောက်သုံး"

ရှုဟန်ယွီသည် မိန်းမပျိုလေးကို နွေးထွေးစွာစိုက်ကြည့်ကာ သူပြောသော စကားများသည်လည်း နူးညံ့ပျော့ပျောင်းသွားသည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီက လေးလေးနက်နက်သော ခံစားချက်များဖြင့် သူ့ကိုကြည့်နေသည်ကို ကြည့်ပြီး သူ့နှလုံးသားလေး ရုတ်တရက် တုန်ယင်သွားကာ ရှုဟန်ယွီကို တည့်တည့်မကြည့်ရဲတော့ပေ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now